ဝေလီခရိုင်၏ ဆောင်းကူးရာသီရှုခင်းများသည် ခရီးသည်များကို ဆွဲဆောင်လျက်ရှိ

2018-10-17 17:55:23 |သတင်းအရင်းအမြစ် 新华网

ခရီးသည်များသည် ကုလားအုပ်စီးပြီး လော်ပူလူမျိုးကျေးရွာတွင် လည်ပတ်နေစဉ်။

အောက်တိုဘာလသည် တရုတ်နိုင်ငံ၏ ဆောင်းကူးရာသီဖြစ်ပြီး နေရာအသီးသီးတွင် ရွှေဝါရောင်ဖြစ်နေ သည်။ ရှင်းကျန်ဝေဝူအလ်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝေလီခရိုင်သည် လှပသော ဆောင်းကူးရာသီရှုခင်းဖြင့် ခရီးသည်များစွာကို ဆွဲဆောင်လျက်ရှိနေသည်။ အောက်တိုဘာ (၁)ရက်မှ (၁၆)ရက်နေ့အထိ၊ ဝေလီခရိုင်သည် ဒေသအသီးသီးမှခရီးသည် (၂.၃)သိန်းကျော် ကြိုဆိုခဲ့ကာ လွန်ခဲ့ သောနှစ်အချိန်ကာလတူထက် (၃၁.၄၆%) တိုးများလာကြောင်း ကိန်းဂဏန်းစာရင်းများအရ သိရပါ သည်။

လော်ပူလူမျိုးကျေးရွာတွင် ရွာသားတစ်ယောက် ငါးကင်နေစဉ်။

လော်ပူလူမျိုးကျေးရွာတွင် ရွာသားနှစ်ယောက်သည် “ခါဖိန်”ဟုခေါ်သော သစ်သားတစ်ခုတည်းဖြင့် ပြုလုပ်သော လှေကလေးကို ပြုလုပ်နေစဉ်။

ခရီးသည်များသည် ကုလားအုပ်စီးပြီး လော်ပူလူမျိုးကျေးရွာတွင် လည်ပတ်နေစဉ်။

ခရီးသည်များသည် လော်ပူလူမျိုးကျေးရွာရှိ သဲပြင်ပေါ်ရပ်ပြီး ရှုခင်းသာရှုစားနေစဉ်။

ကောင်းကင်မှ ဝေလီခရိုင်တွင် စိုက်ပျိုးထားသည့် ပေါ်ပလာပင်များကို ငုံ့ကြည့်နေစဉ်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.