ကူမင်းဟေလုံးထန်ဥယျာဉ် မေပယ်ပင်ရှုခင်းအလှတရားတွင် ခရီးသည်များ နစ်မျော

2018-10-22 17:12:12 |သတင်းအရင်းအမြစ် 云南网

ဟေလုံးထန်ဥယျာဉ်တွင် ရှင်သန်ကြီးထွက်လျက်ရှိနေသော မေပယ်ပင်(၆၀၀၀)ကျော်သည် အထပ်ထပ် အဆင့်ဆင့် ဖြစ်နေပြီး အလှတရားများပြားလှပါသည်။ (၁၄)ကြိမ်မြောက် ကူမင်းမေပယ်ရွက်သစ်ပွဲတော်ကို ကျင်းပရာ ခရီးသည်များအား အလှပဆုံး ဆောင်းဦးမေပယ်ပင်အလှတရားကို လာရောက်ရှုစားရန်အတွက် ဆွဲဆောင်လျက်ရှိပါသည်။

ဟေလုံးထန်ဥယျာဉ်မှာ ကူမင်းနာမည်ကျော် မေပယ်ပင်ရှုစားရာနေရာဖြစ်ပြီး ဤဥယျာဉ်တွင် မေပယ်ပင်အနီ၊ မေပယ်ပင်၊ ဂျင်ဂိုနှင့် သစ်လက်ဖက်ပင်စသည့်သစ်ပင်များ စိုက်ပျိုးထားပါသည်။  သာယာသည့် ဆောင်းဦးတွင် နေရောင်ထိုးလိုက်သည်နှင့် အနီ၊ ပန်းရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ မြစိမ်းရောင်နှင့် အစိမ်းရောင်စသည့် ရွှန်းတင့်သောအရောင်များ ပေါ်လွင်ထင်ဟပ်လာကာ မေပယ်ပင်အလှတရားမှာ ခရီးသည်များအား ဆွဲဆောင်လာပါသည်။ ယခုနှစ် မိုးရွာချိန်နှင့် အပူချိန်ကွာခြားချက်များပြားသောကြောင့် ဟေလုံးထန်မေပယ်ပင်၏ အရောင်သည် စောစီးစွာ အနီဖြစ်လာကာ ရွှန်းတင့်လှပနေပြီး နိုဝင်ဘာလလကုန်ထိ ဆက်တိုက်ရှုစားနိုင်မည်ဖြစ်သည်။(သတင်းထောက်--Yang Zheng)