ဝေဟင်မှမြင်တွေ့ရသည့် ယူနန်ပြည်နယ် ထိန်ချုံမြို့၏ မီးတောင်ရှုခင်းအလှ

2018-10-30 18:07:01 |သတင်းအရင်းအမြစ် 人民网

ထိန်ချုံမြို့ မီးတောင်ဘူမိဥယျာဉ်သည် ယူနန်ပြည်နယ်အနောက်တောင်ဘက်၏ ထိန်ချုံးမြို့နှင့် လျန်ဟို ခရိုင်အတွင်း တည်ရှိပြီး တရုတ်နိုင်ငံ မီးတောင်အုပ်စု(၄)ခုအနက် တစ်ခုဖြစ်ကာ ဆင်နိုဇိုအစ်ကပ် မီးတောင်(၉၇)ခုရှိသည်။ ထိန်ချုံးမီးတောင်အုပ်စု၏ အကျယ်အဝန်းသည် စုစုပေါင်းစတုရမ်းကီလိုမီတာ (၂၂၁.၃၆)ရှိသည်။ ထူးခြားဆန်းကျယ်သော ပထဝီအနေအထားကြောင့် ထူးဆန်းလှပသော မီးတောင် ရေကန်၊ ရေတံခွန်၊ လိုဏ်ဂူရှုခင်းများဖြင့် မီးတောင်ဘူမိဗေဒဆိုင်ရာပြတိုက် ဖြစ်ပေါ်နေပြီး အဆိုပါပထဝီ အကျယ်အဝန်းနှင့် အပြည့်အစုံတည်ရှိခြင်းသည် တရုတ်တစ်ပြည်လုံးတွင် ပထမနေရာ၌ တည်ရှိနေ သည်။ ထို့ကြောင့် သုတေသနပြုခြင်းတန်ဖိုးနှင့် ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်ခြင်းတန်ဖိုးသည် အဆိုပါနေရာတွင် တော်တော်များများရှိနေသည်။

သတင်းအရင်းအမြစ်၊ ပြည်သူ့သတင်းကွန်ရက်။

ဘာသာပြန်၊ Yunnan Gateway.