ယူနန်တက္ကသိုလ် ဂျင်ဂိုသစ်ပင်လမ်းတွင် ဆောင်းဦးအလှတရားဖြင့်သာယာလှပနေ

2018-11-08 17:55:00 |သတင်းအရင်းအမြစ် 云南网

နိုဝင်ဘာလ ဆောင်းဦးရာသီတွင် ကူမင်း ယူနန်တက္ကသိုလ်ရှိ ဂျင်ဂိုလမ်းတွင် သစ်ကိုင်းများ မြေကြမ်းပြင်ပေါ်သို့ ကိုင်းညွတ်နေရာ လေတိုက်လာသည်နှင့် ဂျင်ဂိုသစ်ရွက်များစွာ တလူလူလွှင့်ပျံလျက် ရှိနေပါသည်မှာ ရွှေဝါရောင်ကမ္ဘာ ရောက်နေသကဲ့သို့ ခံစားမိပါသည်။

နေ့စဉ်နေ့တိုင်း ကျောင်းသူကျောင်းသား၊ မြို့သူမြို့သားနှင့် ခရီးသည်များသည် ဤနေရာကို လာရောက်ကြည့်ရှုကြပါသည်။ အချို့သည် သစ်ပင်အောက်တွင် တိတ်ဆိတ်စွာ စာဖတ်၊ စကားပြောကြပါသည်။ အများစုကမူ မိုဘိုင်ဖုန်းကင်မရာဖြင့် ရွှေဝါရောင်ဂျင်ဂိုသစ်ပင်အလှတရားကို မှတ်တမ်းတင်ရိုက်ကူးနေကြပါသည်။

ယူနန်တက္ကသိုလ် ဂျင်ဂိုလမ်းသည် တရုတ်နိုင်ငံတက္ကသိုလ်ကျောင်း၏ အလှပဆုံးရှုခင်းနေရာ (၁၀)ခုတွင် ရွေးချယ်ခံရပါသည်။ ယူနန်တွင် ဆောင်းဦးသစ်ရွက်ကို ရှုစားရန် အကောင်းဆုံးနေရာ ဖြစ်ပါသည်။ ကူမင်းဂျင်ဂိုသစ်ရွက်ရှုစားရာ အကောင်းဆုံးနေရာ(၈)ခုဟု ချီးမြှင့်ခေါ်ဝေါ်ပါသည်။ ဂျင်ဂိုလမ်းတွင် လမ်းလျှောက်ရင်း နှစ်ပေါင်းရာကျော်သမိုင်းရှိသောတက္ကသိုလ်ကို လက်တွေ့ခံစား နိုင်ပါသည်။ အဆိုပါနေ့များတွင် နေသာသည့်အတွက်ကြောင့် ဂျင်ဂိုလမ်းကို သွားရောက်ကာ လေညင်းခံလမ်းလျှောက်ပါဦးလို့ ဖိတ်ခေါ်လိုက်ပါသည်။