နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလလယ်ပိုင်းမှ ဒီဇင်ဘာလအစထိတိုင် ယူနန်ပြည်နယ်ထိန်ချုံဂျင်ဂိုရွာတွင် အလှပဆုံးဖြစ်နေသည့်အလှတရားကို ရှုစားနိုင်သည့်အချိန်ပင်ဖြစ်ပါသည်။ အိမ်ရှေ့တွင်ဖြစ်စေ၊ အိမ်နောက်တွင်ဖြစ်စေ ရွှေဝါရောင်သစ်ရွက်များစွာ လွင့်ပျံလျက်ရှိပါသည်။ ကျေးရွာထဲကသစ်တော၊ သစ်တောထဲကကျေးရွာ ဖြစ်နေသည့် ရွာတစ်ရွာဖြစ်ပါသည်။
အဆိုပါကျေးရွာအတွင်း တရုတ်ဧကတစ်သောင်းကျော်တွင်စိုက်ပျိုးထားသည့် ဂျင်ဂိုသစ်ပင်(၃)သောင်းကျော်သည် ရွှေဝါရောင်ကမ္ဘာကြီးကဲ့သို့ပင် ဖြစ်နေပါတော့သည်။ ထိုအထဲတွင် တန်ဖိုးရှိသော နှစ်ပေါင်းရာကျော်သက်တမ်းရှိ ဂျင်ဂိုသစ်ပင်များ ရှင်သန်နေသည့်အတွက်ကြောင့် ဤကျေးရွာကလေးသည် ရှေးဟောင်းရွာဖြစ်သည်ကို ထင်ဟပ်ပေါ်လွင်စေလျက်ရှိပါသည်။
ဆင်ဟွာသတင်း၊ ပုံ-Yin Ge