လန်ချမ်း-မဲခေါင် ခရီးသွားလာရေးမိတ်ဖက်မြို့ တရုတ်ပြည်တွင်း ခရီးစဉ်လမ်းကြောင်း ကိုယ်တိုင် ကားမောင်းခြင်းဖြင့် စုံစမ်းလေ့လာမှုစတင်

2018-11-26 18:19:38 |သတင်းအရင်းအမြစ် 云桥网

လန်ချမ်း-မဲခေါင် ခရီးသွားလာရေးမိတ်ဖက်မြို့ ပူးပေါင်းဆောင်ရွက်မှု စုံစမ်းလေ့လာခြင်းအဖွဲ့သည် နိုဝင်ဘာလ(၂၅)ရက်နေ့က ယူနန်ပြည်နယ်ပေါင်ရှန်းမြို့မှ စတင်ထွက်ခွာပြီး ကိုယ်တိုင်ကားမောင်းခြင်း ဖြင့် (၉) ရက်ကြာသော ခရီးသွားလာရေးစုံစမ်းလေ့လာမှုကို စတင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ်စုံစမ်းလေ့လာခြင်းခရီးစဉ်သည် ယူနန်ပြည်နယ်၊ တိဗက်ဒေသနှင့် ချင်းဟိုင်ပြည်နယ်ကို သွား လေ့လာမည်ဖြစ်ပြီး လန်ချမ်း-မဲခေါင် မြစ်ညာဒေသကိုယ်တိုင်ကားမောင်းခြင်းဖြင့် ခရီးထွက်ရန် လမ်းကြောင်းအခြေအနေ၊ လမ်းတစ်လျှောက်မြို့ပြ၏ ခရီးသွားလာရေးအခြေအနေကို လေ့လာရန် အတွက် ရည်ရွယ်ထားသည်။ ထိုသည်မှာ ဒီဇင်ဘာလပိုင်းတွင်ပြုလုပ်မည့် လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံသို့ ကိုယ်ပိုင်ကားမောင်းခြင်းဖြင့် ခရီးသွားလာရေး လေ့လာနိုင်စေရန် အခြေခံအုတ်မြစ်ကို ချမှတ်နေခြင်းဖြစ်သည်။

ယခုအကြိမ်စုံစမ်းလေ့လာခြင်းခရီးစဉ်သည် တရုတ်နိုင်ငံခရီးသွားလာရေးသုတေသနအကယ်ဒမီ ကူမင်း ဌာနခွဲနှင့် ယူနန်ခရီးသွားလာရေးစီမံခန့်ခွဲမှုအကယ်ဒမီမှ ဦးစီးကျင်းပသည်ဖြစ်သည်။ “ မြို့ပြက လန်ချမ်း- မဲခေါင် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုရဲ့ အလေးထားတဲ့ ကြားခံဖြစ်တယ်။ ကိုယ်တိုင်ကား မောင်းခြင်းနဲ့ခရီးထွက်ခြင်းက လန်ချမ်း-မဲခေါင် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှုရဲ့ အလေးထား အစိတ်အပိုင်းဖြစ်တယ်။ ယဉ်ကျေးမှုနဲ့ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုက တရုတ်နဲ့ လာအို၊ ထိုင်း၊ ကမ္ဘာဒီးယား၊ ဗီယက်နန်၊ မြန်မာတို့အကြား ပူးပေါင်းဆောင်ရွက်မှုထဲမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်တယ်။ လန်ချမ်-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်ရှိတဲ့ တရုတ်၊ လာကို၊ မြန်မာ၊ ကမ္ဘာဒီးယား၊ ဗီယက်နန်နဲ့ ထိုင်း (၆)နိုင်ငံက အပြန်အလှန်ခရီးသွားဖို့ နေရာဖြစ်တယ်”ဟု တရုတ်နိုင်ငံခရီးသွားလာရေးသုတေသန အကယ်ဒမီကူမင်းဌာနခွဲနှင့် ယူနန်ခရီးသွားလာရေး စီမံခန့်ခွဲမှုအကယ်ဒမီမှ တာဝန်ခံတစ်ဦးက ပြောကြားခဲ့ပါသည်။