တာ့လီပြည်နယ်ခွဲ ဝူလျန်တောင်၏ ချယ်ရီပန်းများ ဝေဝေဆာဆာ ဖူးပွင့်နေ

2018-11-28 17:23:22 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်း တရုတ်နိုင်ငံသည် ဆောင်းရာသီစရောက်ရာသီသို့ဝင်ရောက်နေပြီဖြစ်ပြီး ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲရှိ ဝူလျန်တောင်ပေါ်တွင် အပင်သောင်းနှင့်ချီသော ချယ်ရီ ပန်းများ ဝေဝေဆာဆာ ဖူးပွင့်နေသည်။ ထိုအချိန်တွင် တစ်နှစ်တစ်ကြိမ် ကျင်းပသော ချယ်ရီပန်းပွဲတော်၏ ဖွင့်ပွဲနှင့်ကြုံတွေ့နေသည်။

ယခုနှစ်သည် (၄)ကြိမ်မြောက် ဝူလျန်တောင်ချယ်ရီပန်းပွဲတော်ဖြစ်ကြောင်းလည်း သတင်း အရ သိရပါသည်။

ဝူလျန်တောင်၏ ချယ်ရီပန်းရှုခင်းဇုန်သည် တရုတ်ဧက(၁၅၀၀) ကျော်ကျယ်ပြီး ရှုခင်း ဇုန်တွင် ချယ်ရီပန်းအပြင်၊ ကုန်းပြင်မြင့် ဝူးလွန်လက်ဖက်ပင်လည်း စိုက်ပျိုးထားကာ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ကျေးရွာအပန်းဖြေစခန်းတို့ဖြင့် ပြည့်စုံစွာပါဝင်သော အထွေထွေရှုခင်းဇုန်တစ်ခုဖြစ်သည်။ ၂၀၁၂ ခုနှစ်မှ ယခုအချိန်ထိတိုင် ခရီးသည်ဦးရေ (၁၆.၅)သိန်းသည် လာရောက်အပန်းဖြေခဲ့ပြီး ခရီးသွားလာရေးဝင်ငွေလည်း (၁.၂၆၈) ဘီလီယံ ရရှိသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.