ယူနန်ရှန်ဂရီလာ ကြိုးကြာများ နံနက်ဆည်းဆာတွင် သွက်လက်စွာ ပျံဝဲနေသည်မှာ ပန်းချီကားတစ်ချပ်ဖြစ်နေ

2018-12-05 18:30:12 |သတင်းအရင်းအမြစ် 新华网

ဆောင်းရာသီ ရှန်ဂရီလာ နာဖဟိုင်သဘာဝထိန်းသိမ်းရေးဇုန်တွင် ပြာလဲ့လဲ့ကောင်းကင်၊ ကြည်လင်သောကန်ရေ၊ စိမ်းလန်းစိုပြေသောစိမ့်မြေ စသဖြင့် သာယာလှပသော ရှုခင်းအလှတရားကို ဖန်တီးနေကာ ခရီးသည်များစွာအား ဆွဲဆောင်လျက်ရှိပါသည်။ လည်ပင်းအမဲရောင်ရှိ ကြိုးကြာများ ရောက်လာသည်နှင့်အမျှ အဆိုပါအလှတရားသည် ပို၍ အသက်ဝင်နေပါတော့သည်။

လည်ပင်းအမဲရောင်ရှိကြိုးကြာသည် တရုတ်နိုင်ငံ နိုင်ငံတော်ပထမအဆင့် ကာကွယ်ရေးတိရစ္ဆာန် ဖြစ်သည်။ ကုန်းပြင်မြင့်ဒေသတွင်သာ အထူးနေထိုင်သော ကြိုးကြာဖြစ်ပါသည်။ ဆောင်းရာသီ နံနက်နှင်းကျသည့်အချိန်တွင် ရေကန်၊ ကြိုးကြာများ၊ အဝေးကတောတောင် စသဖြင့် ပန်းချီကားတစ်ချပ်အလား ဖွဲ့စည်းဖြစ်ပေါ်နေပါသည်။ ရေပေါ်တွင် ကြိုးကြာများ ပျံဝဲနေကြသည်။ တစ်ခါတစ်ရံ ခဏတာအနားယူရပ်နားနေကြပါသည်။ ဆောင်းရာသီ၏ ရှန်ဂရီလာမြို့အတွက် အဆိုပါအလှတရားသည် ဆွဲဆောင်အား ပို၍မြင့်တက်စေပါသည်။

(ဆင်ဟွာသတင်းထောက်--Cui Yongjiang၊ Nian Xinhong)