လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ညာဒေသ လေ့လာရေးခရီးစဉ် -- ကျွန်တော် လန်ချန်းမြစ်နံဘေး ဆီးနှင်းလုံးပစ်ကစားနေချိန်မှာ မိတ်ဆွေက မဲခေါင်မြစ်နံဘေး ကော်ဖီသောက်နေတာလား

2018-12-07 17:48:46 |သတင်းအရင်းအမြစ် 云桥网

ဒီဇင်ဘာလ(၁)ရက်နေ့က လန်ချန်းမြစ်-မဲခေါင်မြစ်မြို့ပြဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ တရုတ်ပြည်တွင်း ကိုယ်ပိုင်ကားဖြင့် ခရီးသွားလာရေး သုတေသနအဖွဲ့သည် ကန်ဘာယဉ်ကျေးမှုဗဟိုဒေသတစ်ခုဖြစ်သော ချန်တူမြို့မှ ထွက်ခွာပြီး ကျာချူမြစ်တလျှောက် မြောက်ဖက်ရှိ ချင်ဟိုင်ပြည်နယ် ယွီရှူတိဗက်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသို့ သွားရောက် လေ့လာကြပါသည်။

ချန်တူမြို့မှ စတင်ထွက်ခွာစဉ် နှင်းများစွာ ကျလာသည်။ ဆောင်းရာသီဝင်သော်လည်း ခရီးစဉ်လမ်းတစ်လျှောက် သာယာလှပသောရာသီဥတု အမြဲခံစားရသည့်အတွက်ကြောင့် အခု ပထမဆုံး မြင်တွေ့ခဲ့သည့်နှင်းများသည် တမူထူးခြားလှပါသည်။ မြင့်မားသောတောတောင်၊ ဖြူဖွေးသောနှင်းများ၊ စိမ်းလန်းစိုပြေသောမြစ်ရေ စသည့်အလှတရားများရှုစားရင်း အဘယ်ရှုခင်းဖြစ်စေ ခမ်းနားသော မှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးရရှိနိုင်ပါသည်။

အခု ကျွန်တော်တို့သည် လန်ချန်းမြစ် မြစ်ညာဒေသတွင် ဆီးနှင်းလုံးပစ် ကစားနေကြသကဲ့သို့ လန်ချန်းမြစ် မြစ်ကြေဒေသရှိ မဲခေါင်မြစ်၏ ပင်လယ်ဝတွင် ဒေသခံတို့သည် အပူပိုင်းဇုန်ရှုခင်းကို ရှုစားနေကြပါသည်။

မြစ်ရေဖြင့် ကျွန်တော့်နှုတ်ဆက်စကားကို မြစ်ကြေဒေသရှိသူငယ်ချင်းများထံ သယ်ဆောင်ပေးစေချင်ပါသည်။ ကျွန်တော် လန်ချန်းမြစ်နံဘေးမှာ ဆီးနှင်းလုံးပစ်ကစားနေစဉ် မိတ်ဆွေက လန်ချန်းမြစ်နံဘေးမှာ ကော်ဖီသောက်နေတာလား။ မြစ်တစ်မြစ် နိုင်ငံ(၆)နိုင်ငံ ချိတ်ဆက်နေပါသည်။ ကျွန်တော်တို့ ချစ်ကြည်ရေးသည် စီးဆင်းလျက်ရှိနေသောမြစ်ရေကဲ့သို့ ထာဝစဉ် ရှင်သန်ပါစေ။ သူငယ်ချင်းများ မြစ်ညာဒေသရှိ တရုတ်နိုင်ငံသို့ လာရောက်ကြည့်ရှုရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားပါသည်။

ကျွန်တော်တို့အဖွဲ့သည် အချိန်အကြာကြီး အနားမယူနိုင်ဘဲ ခဏတာမျှ ကစားပြီး ပြန်၍ ထွက်ခွာသည်။

လမ်းတစ်လျှောက်ရှိ ကာမဘီယိုရွာသည် နာမည်ကျော်ကြားသော “ထန်ခပန်းချီကားကျေးရွာ”ဖြစ်သည်။ ဤနေရာတွင် နေထိုင်သော ရွာသူရွာသားများသည် (၁၃)ရာစုနှစ် ထန်ခပန်းချီကား စတင်ရေးဆွဲခဲ့သည်။ အိမ်တိုင်းအိမ်တိုင်းသည် လက်ရာမြောက်သော ပန်းချီကား ရှိပါသည်။

ရွာအိမ်တစ်အိမ်သို့ ၀င်ရောက်ရောက်ချင်းပင် အိမ်ရှင်က ကျွန်တော်တို့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ အပြန်အလှန် ဖလှယ်ကြရင်း သူက ချန်တူမြို့၏ ပန်းချီကားအနုပညာရှင်ဖြစ်ပြီး သူ့သားအား ထန်ခပန်းချီကားပညာကို အမြဲသင်ပေးလျက် ရှိနေပါသည်။

တရုတ်နိုင်ငံချင်ဟိုင်မှ ဗီယက်နမ်အထိ၊ ရေမျက်နှာပြင်ဒီဂရီကွာခြားမှု(၅၀၀၀)ကျော်ရှိသည့် လန်ချန်းမြစ်--မဲခေါင်မြစ်သည် ပေါများကြွယ်ဝသော ဘူမိရုပ်သွင်အလှတရား၊ ပြည့်ဝစုံလင်သော ရာသီဥတုအမျိုးအစားနှင့် မျိုးစုံသော ဇီဝအမျိုးအစားများစွာ ရှိပါသည်။ ၎င်းသဘာဝပေးစွမ်းသောအားသာချက်နှင့် လမ်းတစ်လျှောက်ရှိ ဆန်းတင့်ဝေဆာလှသော သာသနာရေးယဉ်ကျေးမှု၊ တိုင်းရင်းသားလူမျိုးစုယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများစွာ ပေါင်းစပ်လိုက်ရာ ဤနိုင်ငံတကာ ကိုယ်ပိုင်ကားဖြင့် သွားလာသည့်ခရီးစဉ်သည် အခြားကမ္ဘာ့နာမည်ကျော်ကြားသော ကိုယ်ပိုင်ကားဖြင့်သွားလာသည့်ခရီးစဉ်များထက် ပို၍ ထင်ရှားစေပါသည်။

ယဉ်ကျေးမှုမှာ ခရီးသွားလာရေး၏ အနှစ်သာရဖြစ်သကဲ့သို့ ခရီးသွားလာရေးမှာ ယဉ်ကျေးမှု၏ ပေါ်လွင်ရာနေရာဖြစ်သည်။ လန်ချန်း-မဲခေါင် ကိုယ်ပိုင်ကားဖြင့် သွားလာသည့်ခရီးစဉ်သည် ကမ္ဘာ့ခရီးသည်များအား မည်ကဲ့သို့ ဆွဲဆောင်စေသနည်း။ ခရီးသည်က နေရာတစ်ခု၏အလှတရားအတွက် ရပ်နားပြီး ရှုစားဖို့ ဖြစ်နိုင်သည်။ ဆန်းတင့်ဝေဆာလှသော ပုံပြင်နှင့်ယဉ်ကျေးမှုရှိမှ ခရီးသည်အား လာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်ပါသည်။

သတင်းထောက်--Li Hengqiang