လန်ချမ်း-မဲခေါင်ခရီးသွားလာရေး နိုင်ငံတကာခရီးစုံစမ်းလေ့လာခြင်းစတင်

2018-12-10 19:13:04 |သတင်းအရင်းအမြစ် 云桥网

လန်ချမ်း-မဲခေါင် ခရီးသွားလာရေးမိတ်ဖက်မြို့ ပူးပေါင်းဆောင်ရွက်မှု စုံစမ်းလေ့လာခြင်းအဖွဲ့သည် ဒီဇင်ဘာ(၉)ရက်နေ့မှစ၍ ကိုယ်တိုင်ကားမောင်းခြင်းဖြင့် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံသို့ (၁၂) ရက် ကြာသော ခရီးသွားလာရေးစုံစမ်းလေ့လာမှုကို စတင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

လန်ချမ်း-မဲခေါင် ခရီးသွားလာရေးမိတ်ဖက်မြို့ ပူးပေါင်းဆောင်ရွက်မှု စုံစမ်းလေ့လာခြင်းအဖွဲ့သည် လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွင်း ပါဝင်သောအရေးကြီးအစိတ်အပိုင်းဖြစ်ပြီး ယူနန်သည် လည်း အဆိုပါအဖွဲ့တည်ထောင်ရာတွင် ရှေ့တန်းမှ ထောက်ပံ့ပေးသော ပြည်နယ်တစ်ခုဖြစ်သည်။ ယခု အကြိမ်စုံစမ်းလေ့လာခြင်းခရီးစဉ်သည် ယူနန်ပြည်နယ်ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဦးစီးဌာနမှ စီစဉ် ညွှန်ကြားပြီး တရုတ်နိုင်ငံခရီးသွားလာရေးသုတေသနအကယ်ဒမီကူမင်းဌာနခွဲနှင့် ယူနန်ခရီးသွားလာ ရေးစီမံခန့်ခွဲမှုအကယ်ဒမီမှ ဦးစီးပြုလုပ်ခြင်းဖြစ်သည်။ ယူနန်ပြည်နယ်ယဉ်ကျေးမှု နှင့်ခရီးသွားလာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့်ကောလိပ်မှ ပါရဂူများ၊ ခရီးသွားလာ ရေးအသင်းနှင့် ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ်များသည် အဖွဲ့ဝင်အဖြစ် အဆိုပါခရီးစဉ်တွင် ပါဝင် တက်ရောက် ကြောင်း သတင်းအရ သိရပါသည်။

စုံစမ်းလေ့လာရာတွင် အဖွဲ့ဝင်များသည် လာအိုနိုင်ငံ၏ Luang Prabang ၊ Wanrong County နှင့် Vientiane မြို့၊ မြန်မာနိုင်ငံ၏ ရန်ကုန်မြို့၊ ငွေဆောင်ကမ်းခြေ၊ ထိုင်းနိုင်ငံ၏ Khon Kaen ၊ Chiangmai စသည့်မြို့သို့သွားရောက်ပြီး အဆိုပါမြို့ပြများ၏ ခရီးသွားလာရေးသယံဇာတ၊ အခြေခံအဆောက်အအုံ၊ ခရီးသွားလာရေးလုပ်ငန်းအခြေအနေ၊ ကိုယ်ပိုင်ကားမောင်းခြင်းလမ်းကြောင်း၊ ပြည်ဝင်ခွင့်လိုအပ်သော အချက်အလက်များကို လေ့လာသွားကြမည်။ တချိန်တည်းတွင် အဖွဲ့သည် အဆိုပါနိုင်ငံ၏ အစိုးရဌာန၊ ခရီးသွားလုပ်ငန်းရှင်၊ ခရီးသွားလာရေးအသင်း၊ တက္ကသိုလ်ကောလိပ်များနှင့်အတူ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှုလိုအပ်ချက်ကို အပြန်အလှန် သဘောပေါက်ရန်ညှိနှိုင်းမည် ဖြစ်သည်။

အဆိုပါစုံစမ်းလေ့လာခြင်းခရီးစဉ်သည် တရုတ်နှင့်မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများအကြား မူဝါဒ ဖလှယ်ခြင်း၊ အခြေခံအဆောက်အအုံချိတ်ဆက်ခြင်း၊ ကုန်သွယ်ရေးအဆင်ပြေခြင်း၊ ငွေကြေးစီးဆင်းမှု ချောမောခြင်း၊ ပြည်သူအကြားအပြန်အလှန်သဘောပေါက်နားလည်ခြင်း စသည့်ဖက်တွင် တွန်းအားပေး ဆောင်ရွက်ပြီး တချိန်တည်းတွင် ပိုမိုများပြားသော စီမံကိန်းကို လက်တွေ့ ဆောင်ရွက်နိုင်ရန်အတွက် လည်း အကျိုးထိရောက်စွာ ဆောင်ကျဉ်းပေးမည်ဖြစ်သည်။