တရုတ်-မြန်မာ ခရီးသွားလာရေးမြို့ပြ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

2018-12-18 18:26:13 |သတင်းအရင်းအမြစ် 云桥网

တရုတ်-မြန်မာ ခရီးသွားလာရေးမြို့ပြပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပါ သည်။ ၎င်းညှိနှိုင်းဆွေးနွေးပွဲသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားညွှန်ကြားရေးဦးစီးဌာနတို့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် တရုတ်ခရီး သွားလာရေးအကယ်ဒမီ ကူမင်းဌာနခွဲနှင့် ယူနန်ပြည်နယ်ခရီးသွားလာရေး စီမံရေး အကယ်ဒမီ၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း၊ မြန်မာ-တရုတ်ခရီးသွားလာမှု မြှင့်တင်ရေးအသင်း၊ မြန်မာ-တရုတ်ချစ်ကြည် ရေးအသင်းစသည့်ဌာနတို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပါသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသည် ဖွင့်ပွဲအခမ်းအနား၊ အမှာစကားပြောကြားခြင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲ စသည့်အစီအစဉ်များဖြင့် ကျင်းပသွားခြင်းဖြစ်သည်။ “တရုတ်-မြန်မာ ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ မြှင့်တင်စေခြင်းဖြင့် လန်ချန်း-မဲခေါင် ခရီးသွားလာရေးမြို့ပြပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံမှ ဖော်ဆောင်ရန် တွန်းအားပေး” ဟူသော ဆောင်ပုဒ်မှာ ဤလှုပ်ရှားမှု၏ အဓိကဆောင်ပုဒ်ဖြစ်ပါသည်။ ၎င်း ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရ၏ ဂရုစိုက်မှုနှင့် အားပေးထောက်ခံမှုများစွာ ရရှိခဲ့သည်။ နှစ်နိုင်ငံ အစိုးရဌာန၊ တက္ကသိုလ်ကျောင်း၊ ခရီးသွားလုပ်ငန်းရှင်၊ အသင်းနှင့် ကုန်သွယ်ရေးအသင်းမှ ကိုယ်စားလှယ်များသည် ၎င်းအစည်းအဝေးကို အတူပါဝင်တက်ရောက်ကြပါသည်။

ဤညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan၊မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊တရုတ်ခရီးသွားလာရေးအကယ်ဒမီ ကူမင်းဌာနခွဲနှင့် ယူနန်ပြည်နယ်ခရီးသွားလာရေး စီမံရေးအကယ်ဒမီ ဒုတိယဌာနမှူး Mr.Meng Rui နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးရန်ဝင်းတို့က အမှာစကား အသီး သီးပြောကြားပါသည်။ ထို့နောက်၊ ယူနန်တက္ကသိုလ် တွဲဖက်ပါမောက္ခ Ms. Zhao Shuhong နှင့် မြန်မာ-တရုတ်ခရီးသွားလာမှု မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းမြင့်တို့သည် “တရုတ်ယူနန်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ  မြှင့်တင်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေး” နှင့် “မြန်မာ- တရုတ်ပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်း-မဲခေါင် ခရီးသွားလာရေးအတွက် ခွန်အား သစ်ကို ဖန်တီးပေး” ဟူ၍ ခေါင်းစဉ်များဖြင့် အသီးသီး ဟောပြောကြပါသည်။

စားပွဲဝိုင်းဆွေးနွေးပွဲကျင်းပစဉ်တွင် တရုတ်ခရီးသွားလာရေးအကယ်ဒမီ ကူမင်း ဌာနခွဲနှင့် ယူနန်ပြည်နယ်ခရီးသွားလာရေး စီမံရေးအကယ်ဒမီ ဒုတိယဌာနမှူး Mr. Meng Rui၊ ယူနန်ဆရာအတတ်သင်တက္ကသိုလ် ဒုတိယပါမောက္ခ Mr. Li Qing Lei၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်အသင်း (CECCM) ခရီးသွားလာရေးနှင့်ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ Mr. Luo Jun၊ ကူမင်း Hummingbird Sport Co.,Ltd ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr. Hu Wen Kun၊မြန်မာ-တရုတ်ခရီးသွားလာမှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဦးအုန်းမြင့်၊ ရန်ကုန်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေးနှင့်  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်ကိုယ်စားလှယ် ဦးကျော်ဝင်း တို့သည် တရုတ်-မြန်မာ ခရီးသွားလာရေးမြို့ပြအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ပြဿနာနှင့် အကြံပြု ချက်နှင့် တရုတ်-မြန်မာခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ လန်ချန်း- မဲခေါင် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ဖက်အဖွဲ့ တည်ဆောက်ရေး တွန်းအားပေးရန်နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

ထို့ပြင် တရုတ်နိုင်ငံဖက်နှင့် “ချစ်ကြည်ရေးမြို့”အကြား ဆက်သွယ်သည့် လုပ်ငန်းကို တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “လန်ချန်း-မဲခေါင် ခရီးသွားလာရေး လူချွန်လူတော်မွေးထုတ်ရေးစီမံကိန်း”ကို ရေးဆွဲကာ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ “လန်ချန်း-မဲခေါင်ခရီးသွားလာရေးမြို့ပြအစီရင်ခံစာ”ကို ပူးတွဲကာ ထုတ်ဝေမည် ဖြစ်  ကြောင်း၊ “လန်ချန်း-မဲခေါင် ကိုယ်ပိုင်ကားဖြင့် ခရီးသွားလာရေးစီမံကိန်း”နှင့် “လန်ချန်း-မဲခေါင် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးစင်တာစီမံကိန်း”ကို တစိုက်မတ်မတ် တွန်အားပေး ဖော်ဆောင်မည်ဖြစ်ကြောင်း၊ မဟာမိတ်ဖက်အဖွဲ့ တည်ထောင်ရန်  ထောက်ခံကာ ယဉ်ကျေးမှုအနှစ်သာရနှင့်ပြည့်ဝသော ခရီးသွားလာရေးမြို့ပြကို ၎င်းမဟာမိတ်ဖက်အဖွဲ့ ထဲတွင်ထည့်သွင်းရန် အကြံပြုမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဖက်သည် အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားပါသည်။

လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ခရီးသွားလာရေးမြို့ပြ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ဖက်အဖွဲ့ (အောက်တွင် မဟာမိတ်ဖက်အဖွဲ့ဟု အတိုချုံးခေါ်ဝေါ်သည်) သည် လန်မဲပူးပေါင်းဆောင်ရွက်မှုစနစ်တွင် အရေးပါသောအကြောင်းအရာဖြစ်ပါသည်။ ယူနန် ပြည်နယ်သည် မဟာမိတ်ဖက်အဖွဲ့တည်ဆောက်ရေးတွင် ရှေ့ဆောင်ပါဝင်သည့် အဓိကပြည်နယ် ဖြစ်သည်။ တရုတ်-မြန်မာ ခရီးသွားလာရေးမြို့ပြပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို မကျင်းပမီ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွား ညွှန်ကြားရေးဦးစီးဌာနသည် ပါရဂူများ၊ ပညာရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များကို ဖွဲ့စည်းပြီး လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ညာဒေသ တရုတ်ပြည်တွင်းအပိုင်းနှင့် လာအိုနှင့် ထိုင်းနိုင်ငံအပါအ၀င်ဖြစ်သော နိုင်ငံတကာအပိုင်း ကိုယ်ပိုင်ကားဖြင့်သွားလာခြင်း ခရီးစဉ်လမ်းကြောင်းနှင့် လမ်းတစ်လျှောက်လုံး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။

အနာဂတ်တွင် တရုတ်နိုင်ငံနှင့် အခြားသော လန်ချန်း-မဲခေါင်  မြစ်ဝှမ်းဒေသနိုင်ငံများသည် လန်ချန်းမြစ် စီးဆင်းဖြတ်ကျော်သော တရုတ် နိုင်ငံပြည်တွင်းရှိ ပြည်နယ် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)သုံးခု၏ ပြည်နယ်ခွဲနှင့် မြို့ပြ(၁၀) ခုကို အခြေခံကာ လန်ချန်း-မဲခေါင် ယဉ်ကျေးမှုခရီးသွားလာရေးပွဲတော်နှင့် လန်ချန်း- မဲခေါင်ခရီးသွားလာရေးမြို့ပြ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဖြင့် မိတ်ဖက်အဖွဲ့တည်ဆောက်ရေးအတွေးအခေါ်ကို တဖြည်းဖြည်း ဖြစ်မြောက်စေမည်ဖြစ်သည်။ လန်ချန်း-မဲခေါင် ကံကြမ္မာအသိုက်အ၀န်းကို တည်ဆောက်ရန်လည်းကောင်း တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေးတည်ဆောက်ရေး  ကို မြှင့်တင်ရာတွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၏ အကျိုးကျေးဇူးများ သက်ရောက်စေရန်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

သတင်းလင့်ခ်များ

၂၀၁၆ ခုနှစ် နိုဝင်ဘာလ - လန်ချန်းမြစ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု(လန်မဲ ပူးပေါင်းဆောင်ရွက်မှုဟု အတိုချုံးခေါ်ဝေါ်သည်) ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ယူနန်ပြည်နယ် ကျင်ဟုန်မြို့တွင် ကျင်းပခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ(၂၃)ရက် - လန်မဲပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ခေါင်းဆောင်အစည်းအဝေးကို ဟိုင်နန်ပြည်နယ်စန်ယာမြို့တွင် ကျင်းပခဲ့ရာ “စန်ယာ ကြေငြာချက်”ကို ထုတ်ပြန်လိုက်သည်။ ဤကြေငြာချက်အရ ခရီးသွား လာရေးဖလှယ် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ခရီးသွား လာရေးပတ်ဝန်းကျင်ကို ကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်း၊ ဒေသတွင်း ခရီးသွား လာရေးကို အဆင်ပြေအောင် တိုးမြှင့်ခြင်း၊ လန်မဲခရီးသွားလာရေးမြို့ပြ မဟာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ထူထောင်ခြင်း စသဖြင့် တင်ပြသည်။

၂၀၁၆ ခုနှစ် ဇွန်လ(၆)ရက် - လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ခရီးသွားလာရေးမြို့ပြ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ဖက်အဖွဲ့ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ ကူမင်းမြို့အခြေစိုက် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းစသည့် နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်တို့ သည် အဆိုပါအစည်းအဝေးကို တက်ရောက်ကြပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက် - လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ခရီးသွားလာရေးမြို့ပြ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ဖက်အဖွဲ့လုပ်ငန်းစဉ် မြှင့်တင် ရေး အစည်းအဝေးကို ကျင်းပခဲ့ရာ ငါးနိုင်ငံမှ ကောင်စစ်ဝန်ချုပ်များသည် “မဟာ မိတ်ဖက်အဖွဲ့စီမံချက်” နှင့် “မဟာမိတ်ဖက်အဖွဲ့စည်းမျဉ်း”(မူကြမ်း)ကို ပြည်တွင်းသို့ တင်ပြ ကာ နိုင်ငံအသီးသီးတို့သည် မဟာမိတ်ဖက်အဖွဲ့ တည်ထောင်ရန် အလေး ထား ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ဇွန်လ - ဒုတိယအကြိမ် နိုင်ငံဖြတ်ကျော်ခရီးသွားလာရေးဖိုရမ်ကို ကျင်းပခဲ့ရာ “ကူမင်းလုပ်ငန်းစဉ်မျှော်လင့်ချက်”ကို ဖြစ်မြောက်စေကာ အစည်းအဝေးသို့ ပါဝင်တက်ရောက်သည့်နိုင်ငံအသီးသီးအား နိုင်ငံဖြတ်ကျော်ခရီးသွားပူးပေါင်းဆောင်ရွက်မှု ဇုန်တည်ဆောက်ရေးယန္တရားကို အမြန်ဆုံး တည်ထောင်ရန် တိုက်တွန်းပါသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ - ယူနန်ပြည်နယ်မှ တာဝန်ယူ၍ လန်ချန်း-မဲခေါင်နိုင်ငံများ နိုင်ငံတော်ခရီးသွားလာရေးဝန်ကြီးဌာန ခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့ရာ ယူနန်က တာဝန်ယူ၍ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ခရီးသွားလာရေးမြို့ပြ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ဖက်အဖွဲ့အတွင်းရေးမှူးဌာနကို ထူထောင်ရန်  တက်ရောက်သောဧည့်သည်တော်များက သဘောတူကြပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ - တတိယအကြိမ် နိုင်ငံဖြတ်ကျော်ခရီးသွားလာရေးဖိုရမ်ကို ကူမင်းမြို့တွင် ကျင်းပခဲ့ရာ ကိုယ်ပိုင်ကားဖြင့်သွားလာခြင်းခရီးစဉ်၏ အကာအကွယ်၊ လူတော်လူချွန် အဓိကကန့်သတ်ချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးကာ သဘောတူညီချက်များ ရရှိခဲ့ပါသည်။