ရှန်ဂရီလာမြို့တွင် ယခုနှစ် ပထမဦးဆုံးအကြိမ်ဆီးနှင်းကြီးနှင့်ကြုံတွေ့

2018-12-19 17:35:07 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်ရှန်ဂရီလာမြို့တွင် ဒီဇင်ဘာ(၁၈)ရက်နေ့က ပထမဦးဆုံးအကြိမ် ပြင်းထန်သော မိုးရွာခြင်း နှင့် ဆီးနှင်းကျခြင်းကို ကြုံတွေ့ခဲ့သည်။ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် အလွန်မြင့်မားသည့်နေရာ တွင် ဆီးနှင်းကြီးကို ကြုံတွေ့သည်ဟု သတင်းအရ သိရပါသည်။ ထိုနေ့ ၁၄ နာရီ ၃၅ မိနစ်တွင် မိုးလေ ဝသခန့်မှန်းဌာနသည် ဆီးနှင်းကြီးကျရောက်မည့်သတင်း ထုတ်ပြန်ခဲ့သည်။ ပြီးနောက် တစ်ညနေလုံး ဆီးနှင်းကျခဲ့ပြီး ရှန်ဂရီလာလည်း အဖြူရောင်လွှမ်းကာ ကလေးပုံပြင်ထဲကကဲ့သို့ လှပနေပါတော့သည်။