နားထောင်ကြည့်ပါ။ ထိုကျောက်တုံးများ စကားပြောနေသည်။

2018-12-19 17:41:36 |သတင်းအရင်းအမြစ် 云桥网

“ဘယ်လိုလှပတဲ့ရှုခင်းမဆို လူနေမှုယဉ်ကျေးမှုနဲ့ချိတ်ဆက်ရောစပ်မှပဲ ဆွဲဆောင်မှုပိုမိုပေါ်လွင် နိုင်တယ်လေ။” လာအိုနှင့်ထိုင်းနိုင်ငံလေ့လာခြင်းခရီးစဉ်ပြီးစီးနောက် လန်ချမ်း-မဲခေါင် ခရီးသွားလာ ရေးမြို့ပြပူးတွဲလေ့လာရေးအဖွဲ့သည် ဒီဇင်ဘာ(၁၇)ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလေ့လာခဲ့ကြောင်း သတင်းအရ သိရပါသည်။ အဖွဲ့ဝင် ဝမ်ရာယွင်းသည် လမ်းတစ်လျှောက်ရှိလူနေမှုယဉ်ကျေးမှုကို အလွန် ဂရုစိုက်စိတ်ဝင်စားပြီး လမ်းတစ်လျှောက်ရှိ ခရီးသွားရှုခင်းသာများ၏ ယဉ်ကျေးမှုနှင့်အနုပညာ အနှစ် သာရကို ရှာဖွေခဲ့သည်။

“အဆောက်အဦး ဗိသုကာလက်ရာတွေက လူနေမှုယဉ်ကျေးမှုရဲ့ပုံရိပ်ကိုဖြစ်လို့ပြောနိုင်တယ်။ နှစ်ပေါင်းရာချီရှိတဲ့ မြို့ပြတိုင်းနဲ့ ဒီမြို့ပြတွေထဲမှာနေထိုင်တဲ့လူတွေဆီက ပုံပြင်အများအပြားကျန်ရစ် တယ်။ ဒါတွေဟာ ရှာဖွေလေ့လာဖို့ စောင့်မျှော်နေတဲ့ဆွဲဆောင်မှုတစ်မျိုးလို့လည်းပြောနိုင်တယ်”ဟု ဝမ်ရာယွင်းမှ ပြောကြားခဲ့သည်။

“လာအို-ထိုင်း-မြန်မာ၊ ဒီလမ်းတစ်လျှောက်လုံးမှာ အမျိုးသားဥယျာဉ်နဲ့ ကမ္ဘာ့အမွေအနှစ် တော်တော်များများရှိပါတယ်။ ကျွန်မတို့က ဒီလမ်းတစ်လျှောက်မှာ အဆောက်အဦးတည်ဆောက်ရာမှာ သုံးခဲ့တဲ့ကျောက်တုံးတွေကတစ်ဆင့် နေထိုင်ခဲ့သူ၊ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေကို ရှာဖွေနိုင်တယ်၊ စိတ်ကူး နိုင်တယ်။ ပုံပြင်တွေ၊ ရှုခင်းတွေက ခရီးသွားရူခင်းသာတစ်ခု ဖြစ်သွားစေတယ်”ဟု သူမ ထပ်မံပြောကြား ခဲ့သည်။

မြေပြင်လက္ခဏာအခြေအနေ အပေါကြွယ်ဝဆုံး၊ ရာသီဥတုအမျိုးအစားနှင့် ဇီဝပထဝီအမျိုး အစားအပြည့်စုံဆုံး၊ တိုင်းရင်းသားယဉ်ကျေးမှုအဝေဆာဆုံး၊ ကမ္ဘာ့အမွေအနှစ်အစုစည်း ဆုံး …… လေ့လာရေးအဖွဲ့ အဆက်မပြတ်လက်တွေ့လေ့လာခြင်းနှင့်အညီ လန်ချမ်း-မဲခေါင်မြစ်ဝှမ်း တစ်လျှောက်၏ ဆွဲဆောင်မှုသည်လည်း အဆက်မပြတ် ပေါ်လွင်လာသည်။ ယဉ်ကျေးမှုသည် ခရီးသွား လာရေး၏ဝိညာဉ်ဖြစ်ပြီး ခရီးသွားလာရေးသည် ယဉ်ကျေးမှု၏ ကြားခံဖြစ်သည်ဟု ပြောနိုင်သည်။ သဘာဝရှုခင်းသာ၊ လူနေမှုယဉ်ကျေးမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် လန်ချမ်း-မဲခေါင်မြစ် သည် ရှင်သန်စေသည့်ခွန်အားများစွာထည့်သွင်းပေးနိုင်သည်။