တရုတ်နိုင်ငံ Yunnan New Rural Construction and Development Association (YNRCD) နှင့် China Energy Power Fuel Company (CEPF) တို့မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းအတွက် သိန်း ၆၀၀ ကျပ်တန် 10KW Solar Power Panel လှူဒါန်းပွဲ ကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးချမ်းအေးသာစံမြို့နယ် ၇၇လမ်းနှင့်၇၈လမ်းကြား ၂၆လမ်းရှိ တိုင်းဒေသကြီးမန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး အစည်းဝေးခန်းမ (၁)၌ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ YNRCD နှင့် CEPF ကုမ္ပဏီမှ ကိုယ်စားလှယ် ဒေါ်သင်းသင်းက 10KW Solar Power Panel ပေးအပ်လှူဒါန်းရခြင်း အကြောင်းရှင်းလင်းပြောကြားပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင်က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
"တရုတ်ပြည်မှာ ဆင်းရဲမှုပပျောက်ရေးတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ လျှပ်စစ်ခြွေတာသုံးစွဲရေးအတွက် တိုက်တာအဆောက်အဦးတွေမှာ Solar Power Panel များအခမဲ့တပ်ဆင်ပေးတဲ့အပြင် တပ်ဆင်တဲ့ တိုက်များအား တရုတ်ငွေယွမ် ၁၂၀၀ အား နှစ်စဉ်ကြေးကိုပါပေးပါတယ်။ မြန်မာပြည်မှာလည်း Solar Power Panel အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တိုင်းဒေသကြီးမန္တလေးလျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်းကို Solar Power Panel တပ်ဆင်လှူဒါန်းခဲ့ရာမှာ လျှပ်စစ်မီတာခ လေးပုံသုံးပုံ ခြွေတာနိုင်ခဲ့တာတွေ့ရပါတယ်" ဟု YNRCD နှင့် CEPF ကုမ္ပဏီမှကိုယ်စားလှယ် ဒေါ်သင်းသင်းက ရှင်းလင်းပြောသည်။
သတင်းဆောင်းပါး၊ ဘဦး