၂၀၁၈ ခုနှစ်(၅)ကြိမ်မြောက်အရှေ့တောင်အာရှတောင်အာရှကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ(အောက်မှာ ကုန်စည်ပြပွဲဟု အတိုချုံးခေါ်ဝေါ်ထားမည်) သည် ဇွန်လ(၁၂)ရက်မှ(၁၈)ရက်အထိ ကူမင်းထျန်းချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပ မည်ဖြစ်သည်။
ထို့ကြောင့် ဇန္ဒဝါရီလ(၅)ရက်နေ့တွင်၊ အဆိုပါပြပွဲသက်ဆိုင်ရာကူမင်းမြို့ရှိ ဗဟိုအစိုးရပိုင် လုပ်ငန်းများနှင့်ပြည်နယ်အဆင့်လုပ်ငန်းများအား ကုန်စည်ပြပွဲသို့ပါဝင်ပြသစေရန် ဖိတ်ကြားပွဲကို ကျင်းပသည်ဖြစ်သည်။ သတင်းအရသိရသည်မှာ-- ဤအကြိမ်ပြပွဲတွင် ပြခန်းအကျယ်အဝန်းသည် စတုရမ်းမီတာ(၁.၉)သိန်းရှိပြီး ထိုအချိန်တည်းတွင် အခြားအစီအစဉ်လှုပ်ရှားမှု(၁၀)ခုလည်း စီစဉ်ထား ပါမည်။
ကုန်စည်ပြပွဲသို့ပါဝင်တက်ရောက်ဧည့်သည်နိုင်ငံနှင့်ဒေသများလည်း (၈၀)ကျော်ရောက်ရှိ မည်ဖြစ်သည်။