ဒီကနေ့ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ၏ နှစ်၇ဝပြည့် လွတ်လတ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်းမြို့ရှိ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းက လွတ်လတ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကြီးမှူးပြီးကျင်းပရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး Mr.Kong Xuanyou၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက အဖွင့်မိန့်ခွန်းပြောကြားပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး Mr.Kong Xuanyouနဲ့အတူ လွတ်လတ်ရေးကိတ်ကို အတူခွဲကြပြီး ကြွရောက်လာသောဧည့်သည်တော်များအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကြောင်း စီအာအိုင်သတင်းအရ သိရပါတယ်။