မြန်မာနိုင်ငံစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ကူမင်းတျိန်းဝမ်ပန်းမာလ်လီမိတက်ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် ရန်ကုန်ပန်းမာလ်ပြပွဲကို ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအဖက်ဖက်မှ ဤကုမ္ပဏီ၏ပန်းမာလ်စိုက်ပျိုးရေးနည်းပညာအပေါ် အသိအမှတ်ပြုခြင်းကြောင့်ဖြစ်ကြောင်း ယူနန်နေ့စဉ်သတင်းစာအရ သိရသည်။
Online photo
၂၀၁၅ ခုနှစ် ဤကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဧရိယာအကျယ် အဝန်း(၁၃)ဧကရှိသော ပန်းမာလ်စိုက်ပျိုးရေးအခြေခံစမ်းသပ်စခန်း တည်ထောင်ခဲ့ရာ နှင်းပန်း၊ ကားနေးရှင်းပန်းနှင့်နှင်းဆီပန်းစသည့်ပန်းများကို စိုကိပျိုးသည်။ သို့သော် ရာသီဥတု၊ မြေဆီလွှာစသည်များကြောင့် ပြုစုပျိုးထောင်သောနှင်းပန်း၏ အခက်သည် တိုတောင်းဖြစ်သည်။ ထို့ကြောင့် ဈေးကွက်တွင် ပြိုင်ဆိုင်မှု မရှိပေ။
၎င်းပြဿနာကို ဖြေရှင်းနိုင်သည့်အတွက် ဤကုမ္ပဏီမှ သုတေသီများသည် သီးသန့်သုတေသနပြုခဲ့ပြီး ပြည်တွင်းမှ ပန်းမာလ်ပြုစုပျိုးထောင်ရေးသုတေသီများ အား ပါဝင်လုပ်ဆောင်ရန် ဖိတ်ကြားသည်။ နှစ်နှစ်ကျော်ကျော် ရှာဖွေသုတေသန ပြုပြီး နှင်းပန်းစိုက်ပျိုးရေးနည်းပညာရလဒ်များ ရရှိခဲ့သည်။
ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးသော နှင်းပန်းအခက်၏အရှည်မှာ (၁.၄)မီတာရှိသည်။ အဖူးအငုံ ကြီးမားပြီး ပန်းဝက် ထူထဲသည်။ ပန်းမာလ်အရောင်လည်း တောက်တောက်လွင်လွင်ဖြစ်သည်။ ဒေသခံ၏ နှစ်သက်ခြင်းများ ရရှိနိုင်ခဲ့သည်။ သို့ဖြစ်၍ ကူမင်းတျိန်းဝမ်ပန်းမာလ် လီမိတက်ကုမ္ပဏီသည် မြန်မာနိုင်ငံပန်းမာလ်ပြုစုပျိုးထောင်ရေးလုပ်ငန်းတွင် ဂုဏ်ကျေးဇူး ရရှိခဲ့သည်။(သတင်းထောက် လျူကျီယွီ)