လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှာ လမ်းတစ်လျှောက်ရှိနိုင်ငံများ၏ စ

2018-01-09 19:14:20 |သတင်းအရင်းအမြစ် 云桥网

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှာ လမ်းတစ် လျှောက်ရှိနိုင်ငံများအတွက် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်ကို ဆောင်ကြဉ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း၊ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံ(၆)နိုင်ငံအတွက် လေးနက်သောအဓိပ္ပာယ် ရှိကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက CIR မှ အထူးအင်တာဗျူးလုပ်ရာတွင် ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံသည် ဆင်တူသောယဉ်ကျေးမှုနောက်ခံ အကြောင်းနှင့်တန်ဖိုးထားမှုရှိသောကြောင့် နှစ်နိုင်ငံပြည်သူများအကြား နက်ရှိုင်းကြံ့ခိုင်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရှိကြောင်း၊ ယခုကာလတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့ကြောင်း၊ ချစ်ခင်ရင်းနှီးသောချစ်ကြည်ရေးကို အခြေခံပြီး နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး တည်တံ့ခိုင်မြဲစေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သံအမတ်ကြီး ဦးသစ်လင်းအုန်းက ဆက်လက်ပြောကြားခဲ့သည်။ (CIR သတင်းထောက် ကျန်ရှောင်နင်)

ဓာတ်ပုံ--CIR

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006