တရုတ်-မြန်မာနှစ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၏ အထူးရ

2018-01-09 19:17:41 |သတင်းအရင်းအမြစ် 云桥网

တရုတ်မြန်မာနှစ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်မည့် စီမံကိန်းအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးမှုကို ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်မြို့၌ ကျင်းပခဲ့သည်။ နှစ်ဦးနှစ်ဖက်ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Hong Liangနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲတွင် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများသည် တရုတ်နိုင်ငံ၏ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံကောင်းများဖြစ်ပြီး ၎င်းနိုင်ငံများ၏ စီးပွားရေးချမ်းသာကြွယ်ဝနိုင်ပါစေဟု တရုတ်နိုင်ငံမျှော်လင့်ကြောင်း၊ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသခွဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှုအပေါ် မြင့်မားစွာ အလေးထားပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်မည့် စီမံကိန်း(၁၀)ခု တရားဝင်စတင်နိုင်သည့်အတွက်ကြောင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောရလဒ် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ သက်ဆိုင် ရာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို လက်တွေ့ဆောင်ရွက်ပြီး တိကျသောရလဒ်များ စောလျင်စွာ ကြိုးစားရရှိနိုင်လိမ့်မည်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်တွင် မြန်မာနိုင်ငံနှင့် ပိုများသောပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု တရုတ်နိုင်ငံလည်း မျှော်လင့်ကြောင်း H.E. Mr. Hong Liangက ပြောကြားသည်။

ယခုအကြိမ် လက်မှတ်ရေးထိုးခဲ့သည့် လွှဲပြောင်းလက်ခံလွှာအရ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်မည့် ပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ အမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးစသည့်နယ်ပယ်များပါဝင်သော စီမံကိန်း(၁၀)ခုအတွက် ကူညီထောက်ပံ့မည်ဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုမှာ ဒေသဖွံ့ဖြိုးမှုနှင့်အချင်းချင်းချိတ်ဆက်မှုအတွက် လွန်စွာ အရေးပါလှဖြစ်ကြောင်း၊ သက်ဆိုင်ရာစနစ်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ကြီးမားလှသောအောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အနာဂတ်တွင် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ကူညီထောက်ပံ့မှုများ ရှာဖွေရန် မြန်မာနိုင်ငံသည် စီမံကိန်းအကြံပြုချက်များစွာကို အဆိုပြုပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖြင့် မြန်မာနိုင်ငံပြည်သူများအား အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း ဦးမြင့်သူက ဖော်ပြသည်။

ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များအစည်းအဝေး ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့မှ(၁၁)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်နှင့် မဲခေါင်းမြစ်ဝှမ်းဒေသနိုင်ငံအသီးသီးမှ ခေါင်းဆောင်များတို့သည် ၎င်းအစည်းအဝေးကို ပါဝင်တက်ရောက် မည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက် အောင်မြင်ဖြစ်စဉ်များကို ပြန်ပြောင်းသုံးသပ်ခြင်း၊ ပူးပေါင်းဆောင် ရွက်မှုရှေ့ရေးအလားအလာကို ကြိုတင်ခန့်မှန်းသုံးသပ်ခြင်းနှင့် အနာဂတ်တွင် ဖွံ့ဖြိုးမှုကို စီမံခြင်းစသည်များဖြင့် လက်တွေ့ကျသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများစွာကို ဖော်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ သိရသည်။(သတင်းအရင်းအမြစ်-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006