ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည

2018-01-12 18:07:13 |သတင်းအရင်းအမြစ် 新华社

  “ငြိမ်းချမ်းမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိသော ကျွန်ုပ်တို့၏မြစ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့်ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည်းအဝေးတွင် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ ခေါင်းဆောင်များက ဆက်သွယ်ရေးနည်းပညာ၊ ရေစီမံခန့်ခွဲရေးနှင့် စက်မှုထုတ်လုပ်မှုစွမ်းအား စသည့်ကိစ္စများကိုဆွေးနွေးခဲ့ကြသည်။
  တရုတ်အစိုးရအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) မူဘောင် အတွင်းမှနေ၍ သက်သာသည့်အတိုးနှုန်းများဖြင့်ချေးငွေ ယွမ် ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံ) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဇန်နဝါရီလ ၁၁ ရက်တွင်ကတိပြုပြောကြားခဲ့သည်။
  လီခဲ့ချန်က ဇန်နဝါရီလ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၌ လန်ချန်း-မဲခေါင် နိုင်ငံများ ၏ထုတ်လုပ်မှုစွမ်းရည်တိုးမြင့်လာရန်နှင့် က်မှုလုပ်ငန်းကိရိယာပူးပေါင်းဆောင်ရွက် မှုတို့အတွက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံသတ်မှတ်ထားကြောင်းထည့်သွင်းပြောကြား ခဲ့သည်။
  ထို့ပြင် ဝန်ကြီးချုပ်လီက တရုတ်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများနှင့်စိုက်ပျိုးရေး ထုတ်ကုန်များ ကုန်သွယ်ရာတွင် လိုငွေပြသမှုက တရုတ်နိုင်ငံအတွက်ပိုမိုတင်သွင်းမှုပြုရန် အတားအဆီးဖြစ် စေမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို နောက်ဆုံးအနေဖြင့်သာ ရွေးချယ်စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006