ပထမအကြိမ်တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ရှန်ဟိုင်းမြို့၌ ကျင်းပမည်

2018-01-18 17:42:03 |သတင်းအရင်းအမြစ် 云桥网

၂၀၁၇ ခုနှစ် မေလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွင် ၂၀၁၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံနိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအကြိမ် သွင်းကုန် ကုန်စည်ပြပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ မှ(၁၀)ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

သတင်းအရ သိရသည်မှာ--အဆိုပါကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ ဈေးကွက်ဖွင့်လှစ်ပြီး ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသော ပြုလုပ်မှုဖြစ်ပါသည်သော်လည်းကောင်း၊ နိုင်ငံအသီးသီးမှ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုတွေကို ပြသရန်နှင့် တစ်ကမ္ဘာလုံးစီးပွားကူးသန်းရောင်းဝယ်မှု ခေါင်းစဉ်များကို ဆွေးနွေးရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး စင်မြင့်ဖြစ်ပါသည်။ တရုတ်နိုင်ငံဖက်အနေဖြင့် ပါဝင်ပြသမည့်နိုင်ငံများအတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် လိုအပ်သလို ကူညီထောင့်ခံသွားမှာဖြစ်ပါသည်။

သက်ဆိုင်ရာပုဂ္ဂိုလ်မှမိတ်ဆက်ခြင်းအရ--ပထမအကြိမ် ကုန်စည်ပြပွဲ သည် (၃)ပိုင်းနဲ့ဖွဲ့စည်းမည်။ ပထမအပိုင်းက နိုင်ငံတော်ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုအထွေထွေပြပွဲဖြစ်ပြီး ရောင်းချမှုမပါဝင်ခြင်းဖြစ်သည်။ ဒုတိယအပိုင်းက စီးပွားရေးလုပ်ငန်းရှင်ကုန်ပစ္စည်းပြပွဲဖြစ်ပြီး ကုန်ပစ္စည်း နှင့်ဝန်ဆောင်မှုပြသ၊ ညှိနှိုင်း၊ ရောင်းချခြင်းဖြစ်သည်။ တတိယအပိုင်းက အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဖိုရမ်ဖြစ်ပြီး နိုင်ငံအသီးသီးမှ တစ်ကမ္ဘာလုံး စီးပွားကူးသန်းရောင်းဝယ်ရေးခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန်ဖြစ် သည်။

အဆိုပါပြပွဲသို့ နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်မှ ကုမ္ပဏီများ ပါဝင်ပြသ မည်။ ပြပွဲတွင် ရောင်းဝယ်သူတွေ့ဆုံညှိနှိုင်းပွဲ၊ လုပ်ငန်းသီးခြားဆွေးနွေးပွဲ၊ ကုန် ပစ္စည်းမိတ်ဆက်ပွဲများနှင့်သက်ဆိုင်ရာအစီအစဉ်များ တစ်ပြိုင်တည်း ကျင်းပ သွားမှာဖြစ်ပါသည်။ တချိန်တည်းတွင်၊ အဆိုပါပွဲသို့ တရုတ်ပြည်တွင်းမှ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးမြို့တို့မှ နေရာ အသီးသီးစီးပွားရေးလုပ်ငန်းရှင်များကို စုစည်း၍ လာရောက်ဝယ်ယူရန် စီစဉ် ထားမည်။ အလားတူပင် တတိယနိုင်ငံမှကုန်သည်များလည်း လာရောက် ဝယ်ယူရန်ဖိတ်ခေါ်ပေးမည်။ ခန့်မှန်းခြေအရ ပြည်တွင်းပြည်ပမှ သီးသန့်ဝယ်ယူ မှုကုမ္ပဏီပေါင်းတစ်သိမ်းခွဲရှိနိုင်မည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006