ယူနန်ပြည်နယ် ပထမအကြိမ် အီလက်ထရွန်နှစ်သစ်ကူး ထောပနာပြုရန် ကုန်ပစ္စည်းပွဲအခမ်းအနား

2018-01-19 18:00:46 |သတင်းအရင်းအမြစ် 云桥网

ဇန္နဝါရီလ(၁၉)ရက်နေ့ သတင်းထောက်တို့က ယူနန်ပြည်နယ်စီးပွားကုန်သွယ်ရေးဦးစီးဌာနမှ သတင်းအရသိရသည်မှာ-- ယူနန်ပထမအကြိမ် အီလက်ထရွန်နှစ်သစ်သူးထောပနာပြုရန် ကုန် ပစ္စည်းပွဲအခမ်းအနားနှင့် Jingdong ၂၀၁၈ ခုနှစ် ယူနန်အတွင်းစီမံကိန်းကြေညာပွဲကို (၂၃) ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပမည်ဖြစ်သည်။

ထိုအချိန်တွင် ယူနန်ပြည်နယ်စီးပွားကုန်သွယ်ရေးဦးစီးဌာနသက်ဆိုင်ရာခေါင်းဆောင်များ၊ Jingdong ၂၀၁၈ ခုနှစ် ယူနန်အတွင်းစီမံကိန်းသက်ဆိုင်ရာတာဝန်ခံများလည်း ပွဲအခမ်းအနားသို့တက်ရောက်ပြီး နှစ်သစ်ကူး ထောပနာပြုရန်ကုန်ပစ္စည်းပွဲ၊ မြို့ရာချီသို့လှုပ်ရှားမှုပြုလုပ်ခြင်းသက်ဆိုင်ရာအစီအစဉ်အား မိတ်ဆက်ပေးမည်။ ထို့ပြင်၊ Jingdong သည် ယူနန်အတွင်းစီမံကိန်းစတင်ဆောင်ရွက်ခြင်း ကြေညာပွဲ ကျင်းပမည်။ Jingdong အွန်လိုင်း ယူနန်ထူးခြားချက်ပါထွက်ကုန်၏စားသုံးမှုကိန်းဂဏန်းလည်း ဖော်ပြရ မည်။

ယူနန်ပြည်နယ်စီးပွားကုန်သွယ်ရေးဦးစီးဌာနမှမိတ်ဆက်ခြင်းအရ-- ၂၀၁၇ ခုနှစ်တွင် Jingdong သည် ကိုယ်တိုင်ဆောင်ရွက်ခြင်းပုံစံ(Proprietary type)ဖြင့် အီလက်ထရွန်စီးပွားရေးကို ပြုလုပ်နေပြီး ကူမင်း မြို့တွင် “ယူနန်ပြည်နယ်ရှိခရိုင်တိုင်း နာမည်ကျော်ကုန်ပစ္စည်းတစ်မျိုးရွေး”ဟုခေါင်းစဉ်ဖြင့် အစီအစဉ် လှုပ်ရှားမှုကို ကျင်းပခဲ့သည်။ အဆိုပါအစီအစဉ်လှုပ်ရှားမှုမှတစ်ဆင့် တံဆိပ်ကျော်ကြားသည့်လုပ်ငန်း ကုမ္ပဏီသည် Jingdong အွန်လိုင်းဈေးကွက်သို့ဝင်ရောက်ပြီဖြစ်သည်။ ယူနန်ပြည်နယ်၏ ပန်းများ၊ ကော်ဖီ၊ လက်ဖက်ခြောက်၊ အရက်၊ အသီး၊ ဟင်းရွက်၊ ဆေး၊ တိရစ္ဆာန်၊ ငါးသားစသည့်ကုန်းပြင်မြင့် ထူးခြားချက်ပါထွက်ကုန်များကို တစ်နိုင်ငံလုံး၊ ထို့ထက်မက တစ် ကမ္ဘာလုံးသို့ မိတ်ဆက်ပေးခဲ့သည်။

ယခုအချိန်ထိတိုင်၊ Jingdong သည် ယူနန်အတွင်း ခရိုင်အဆင့်ဝန်ဆောင်မှုပေးစင်တာကို (၅၃)ခု တည်ထောင်လာပြီဖြစ်ပြီး ကျေးရွာတွင် ကုန်ပစ္စည်းအမျိုးအစားနည်းပါးခြင်း၊ ကုန်တုများပြားခြင်း၊ ဈေးကြီးခြင်း၊ ရောင်းယူပြီးနောက်ဝန်ဆောင်မှုတောင်းခံရန် ခက်ခဲခြင်းစသည့်ပြဿနာများကို ဖြေရှင်း ပေးပြီဖြစ်သည်။ ၂၀၁၈ ခုနှစ်နှစ်သစ်ကူးပွဲတောင်ရောက်တော့မည်သောကြောင့် ကုန်ပစ္စည်းဝယ်ယူ လိုအပ်ချက်သည် တိုးများလာသည်။ ထို့ကြောင့်၊ အဆိုပါပွဲကျင်းပရာတွင် Jingdong ၏ ကုန်သွယ် စီးဆင်းမှုသက်ဆိုင်ရာဌာနအလုပ်အစီအစဉ်နှင့် အမှုပုံစံလည်း ဝေမျှခံစားမည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006