ကူမင်းတောင်ဖက်အရှိန်မြင့်ရထားဘူတာရုံတည်ထောင်ဖွင့်လှစ်ပြီးကတည်းကစပြီး ခရီးသွားဧည့်သည် တော်များ ခရီးသွားလာရေးလိုအပ်ချက်များကို အဆက်မပြတ် ဖြည့်ဆည်းပေးနေသည်။ ခရီးသည်များ ပိုမိုအဆင်ပြေစေရန် စက်ကိရိယာများကိုအဆင့်မြင့်တင်ပေးထားသည်။ လတ်တလောရက်ပိုင်းတွင် ဘူတာ ဂိတ်သည် ဘူတာအနောက်ဝင်ပေါက်နှင့် ဘူတာမြောက်ဝင်ပေါက်တွင် လူ့မျက်နှာကိုစကင်ဖတ် နိုင်သောခေတ်မှီကိုယ်ပိုင်လုပ်ဆောင်မှုစနစ် real name system စက်ကိရိယာ (၈)ခုကို တပ်ဆင်ထား သည်။ ခရီးသည်များသည် ရထားလက်မှတ်နှင့် မှတ်ပုံတင်ကို ကိုင်ဆောင်ကာ“မျက်နှာကိုစကင်ဖတ် ခံပြီးဘူတာထဲသို့ဝင်နိုင်သည်” real name system မှအလုပ်တွင် ကျယ်မှုနှင့်တိကျမှန်ကန်မှုနှုန်းကိုမြင့် တင်ပေးနိုင်ခဲ့သည်။