တရုတ်နိုင်ငံ နိုင်ငံခြားပညာရှင်ညွှန်ကြားမှုဦးစီးဌာနမှ သတင်းအရ နိုင်ငံခြားပညာရှင် ညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ဝန်ကြီးဌာနတို့မှ ပူးတွဲပြီး 《နိုင်ငံခြားထက်မြက်ထူးချွန်သူဗီဇာစနစ်အကောင်အထည်ဖော်စနစ်》ကို ထုတ်ပြန်ခဲ့ပြီး နိုင် ငံခြားထက်မြက်ထူးချွန်လူပညာရှင်များအတွက် အစိမ်းရောင်လမ်းကြောင်းကို ပေးခဲ့ပါ ကြောင်း သိရပါသည်။
Online photo
စနစ်ကို အကောင်အထည်ဖော်ရန် အဓိကပေါ်လစီများတွင် ထက်မြက်ထူးချွန်သူ ဗီဇာ ချပေးခြင်းအတိုင်းအတာကို တိုးချဲ့မည်ဖြစ်ကြောင်း၊《နိုင်ငံခြားသားတရုတ်နိုင်ငံသို့ အလုပ် လုပ်ခြင်း အမျိုးအစားစံနှုန်း(စမ်းသပ်)》တရုတ်ပြည်တွင်းပြည်ပ ထက်မြက်ထူးချွန်လူစံနှုန်း နှင့် ကိုက်ညီသော၊ “အဆင့်မြင့်ထိပ်တန်း”နှင့် ဈေးကွက်လိုလားချက်ဖြစ်သော သိပ္ပံပညာ ရှင်၊ သိပ္ပံပညာဦးဆောင်ထက်မြက်ထူးချွန်သူ၊ နိုင်ငံတကာလုပ်ငန်းရှင်များ၊ သီးခြားနယ်ပယ် ထက်မြက်သူများနှင့် အဆင့်မြင့် နည်းပညာထက်မြက်သူများ စသည့်တရုတ်နိုင်ငံစီးပွား လူမှုရေး ဖွံ့ဖြိုးတိုးတက်ရာတွင် လိုအပ်သည့် နိုင်ငံခြားအဆင့်မြင့်ထက်မြက်သူနှင့် လိုလား သည့်ထက်မြက်လူများသည် ထက်မြက်ထူးချွန်သူဗီဇာကို လျှောက်ထားနိုင်ကြောင်း၊ ထက်မြက်ထူးချွန်သူ ဗီဇာအကျိုးသက်ရောက်သက်တမ်းနှင့် နားနေနိုင်သည့် ရက်စွဲ သက်တမ်းကို ထပ်မံတိုးပေးမည်ဖြစ်ကြောင်း၊ ပြည်နယ် ဇုန် မြို့ အဆင့် နိုင်ငံခြားပညာရှင် ညွှန်ကြားမှုဦးစီးဌာနမှ အချက်အလက်ပြည့်စုံသည်ဟု သေချာသတ်မှတ်ခံရသည့် နိုင်ငံခြား ထက်မြက်သူများသည် (၅)နှစ်မှ(၁ဝ)နှစ်အထိ အကျိုးသက်ရောက်သည့်၊ အ ကြိမ်များစွာ နိုင်ငံဝင်ထွက်နိုင်သည့်၊ တစ်ကြိမ်ရက်(၁၈ဝ)နေထိုင်နိုင်သည့် ထက်မြက်ထူးချွန်သူ ဗီဇာရရှိနိုင်ကြောင်း၊ ယင်း၏အိမ်ထောင်ဖက်နှင့် အသက်(၁၈)နှစ်မရောက်သားသမီးများ လည်း အကျိုးသက်ရောက်ရက်စွဲတူညီသော၊ အကြိမ်များစွာနိုင်ငံဝင်ထွက်နိုင်သော သက်ဆိုင်သည့်ဗီဇာကို ရရှိနိုင်ကြောင်း၊ ထက်မြက်ထူးချွန်သူဗီဇာလျှောက်ထားလုပ်ဆောင် သည့်အချိန်ကို မြှင့်တင်မည်ဖြစ်ပြီး အွန်လိုင်း၊ ချက်ချင်းစစ်ချက်ချင်းလုပ်သောစနစ်ကို လုံးဝ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားထက်မြက်ထူးချွန်သူ အရည်အသွေးစစ်ဆေးသေချာ အချိန်ကို အလုပ်ရက်(၅)ရက် အထိ လျော့ချပြီး ထူးချွန်သူနှင့်ယင်းအိမ်ထောင်ဖက်နှင့် သားသမီးဗီဇာကို အမြန်ဆုံးလျှောက်ထားသည့် ဒုတိယရက်တွင် ရရှိအောင် လုပ်ဆောင် မည်ဖြစ်ကြောင်း၊ လျှောက်ထားစရိတ်အခမဲ့ဖြင့် နိုင်ငံခြားထက်မြက်ထူးချွန်သူနှင့် ယင်း မိသားစုဝင်များ ဗီဇာစရိတ်နှင့် အမြန်ကြေးစရိတ်များအခမဲ့ဖြင့် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် နိုင်ငံခြားပညာရှင်ညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူ မိတ်ဆက်ခြင်းအရ သိရပါသည်။