တရုတ်-အာဆီယံ နှစ်သစ်မိတ်ဆုံပွဲ ယခုလ(၂၃)ရက်နေ့က ပေကျင်းမြို့တွင် ကျင်းပပြီး လာအို၊ စင်္ကာပူ၊ ဘရူနိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းစသည့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်ကိုယ်စားလှယ်များနှင့် တရုတ်ဘက်မှ ကိုယ်စားလှယ်များသည် စုစည်းကာ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုလာသည်နှင့်အညီ မင်္ဂလာကျက်သရေအပေါင်း နှင့်ပြည့်ပါစေလို့ နှစ်သစ်ကူးပွဲတော်နှုတ်ခွန်းဆက်ဆုမွန်ကောင်းတောင်းကြကြောင်း CIR Online သတင်းအရ သိရသည်။
တရုတ်-အာဆီယံကူးသန်းရောင်းဝယ်ရေးကောင်စီနှင့် ပေကျင်းအခြေစိုက် အာဆီယံကောင်စီတို့သည် နှစ်စဉ်နှစ် တိုင်း နှစ်သစ်ကူးပွဲတော်မရောက်မီ နှစ်သစ်မိတ်ဆုံပွဲကို (၁၈)နှစ်ဆက်တိုက်ကျင်းပပြီး တရုတ်-အာဆီယံအကြား ချစ်ခင် သင့်မြတ်စွာ မိတ်ဝတ်မပျက်ဆက်ဆံရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေရန်အတွက် ရည်ရွယ်ထား သည်။ တရုတ်-အာဆီယံကူးသန်းရောင်းဝယ်ရေးကောင်စီသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက် မှုစနစ်တစ်ခုဖြစ်သည်။ ပေကျင်းအခြေစိုက် အာဆီယံကောင်စီကမူ တရုတ်အခြေစိုက် အာဆီယံနိုင်ငံ(၁၀)နိုင်ငံမှ သံအမတ်ကြီးများမှ ဖွဲ့စည်းထားသည့်ကောင်စီဖြစ်သည်။
လွန်ခဲ့သော ၂၀၁၇ ခုနှစ်မှာ အာဆီယံတည်ထောင်သည့်ရွှေရတုအထိမ်းအမှတ်နှစ်ဖြစ်သည်။ ယခုနှစ်ပိုင်းက တရုတ်နိုင်ငံနှင့်အာဆီယံဒေသတွင် စီးပွားရေး အဆက်မပြတ် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အလျောက် ကမ္ဘာ့ဖွံ့ဖြိုးမှုတွင် တောက်ပလျက်ရှိသည်။ တရုတ်-အာဆီယံကူးသန်းရောင်းဝယ်ရေးကောင်စီအမှုဆောင်ကောင်စီဝင် ရှူနင်နင်အနေနှင့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု"တည်ဆောက်ရေးနှင့်အာဆီယံစီးပွားရေးအသိုက်အဝန်းတည် ဆောက်ရေး ပေါင်းစပ်နေပြီး အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဆက်လက်တောက်ပနိုင်မည်ကြောင်း တင်ပြခဲ့သည်။
၂၀၁၈ ခုနှစ်မှာ တရုတ်-အာဆီယံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတည်ထောင်သည့် အထိမ်းအမှတ်(၁၅)နှစ် ဖြစ်သကဲ့သို့ တရုတ်-အာဆီယံတီထွင်ဆန်းသစ်မှုပြည့်စုံသောနှစ်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်လျှင် အဖက်ဖက်မှ အရင်းအမြစ်၊ အားပေးမှုနှင့် စွမ်းအားလိုအပ်ကြောင်း၊ နှစ်သစ်မှာ နှစ်ဦးနှစ်ဖက်သည် အပြန်အလှန်ယုံကြည်သော၊ အပြန်အလှန်ထောက်ပံ့သော နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွင်လည်းကောင်း အားသာချက် အပြန်အလှန်ဖြည့်စွက်သော၊ အတူဖွံ့ဖြိုးနိုင်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင်လည်းကောင်း အိမ်နီးချင်းနိုင်ငံများ ချစ်ခင်သင့်မြတ်စွာ ဆက်ဆံသော လူမှုရေးပူးပေါင်းဆောင်ရွက်မှုတွင်လည်းကောင်း ချမ်းသာတည်ငြိမ်သော၊ အဖက်ဖက်အတွက် အကျိုးကျေးဇူးပြုနိုင်သောဒေသဆက်ဆံရေးတွင်လည်းကောင်း ဆန်းသစ်မှုဖော်ဆောင်ရန် လိုအပ်ကြောင်း ရှူနင်နင်က ဆက်လက်ပြောကြားသည်။(သတင်းထောက်-လျန်ရှန်)