ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူများအား ပဉ္စမ အြ

2018-01-25 17:34:11 |သတင်းအရင်းအမြစ် 新华网

မြန်မာ-တရုတ် ချစ်ကြည်ရေးအား ရည်ရွယ်၍ မြန်မာနိုင်ငံ အတွင်းရှိ ပညာရည် ထူးချွန်ပြီး ဆင်းရဲနွမ်းပါးသော တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူများအား ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပဉ္စမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ ဇန်န၀ါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ ရှိ Myanmar Sports Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပဉ္စမ အကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူး မစ္စတာထျန်ဆန့်ထိန် (Mr.Tian Shanting) ၊ ပညာရေး ၀န်ကြီးဌာန ၊ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် အပါအ၀င် တာဝန်ရှိသူများ နှင့် ပညာတော်သင်ဆုရ ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံရှိ ပညာသင်ကြားရန် ငွေကြေးပိုင်း ဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးပေးခဲ့သည့် အလှူရှင်များအား ကျေးဇူး တင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထိန် (Mr.Tian Shanting)က ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေ တည်ထောင်ခဲ့သည်မှာ ငါးနှစ် ရှိလာခဲ့ပြီ ဖြစ်ပြီး ပညာသင်ဆု အကျိုး ရရှိသည့် ကျောင်းသား ဦးရေမှာလည်း များပြားလာခဲ့ပြီ ဖြစ်ကြောင်း ၊ ယခုကဲ့သို့ လုပ်ဆောင်ချက်များသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးတို့ အား ဖော်ပြနေခြင်း ဖြစ်ပြီး ကောင်းမွန်သည့် နမူနာကောင်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အစိုးရ နှင့် သံရုံးတို့ မှ မြန်မာနိုင်ငံ ပညာရေး လုပ်ငန်းများအား အမြဲ ထောက်ပံ့ ကူညီမှုများ ပေးပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပညာရေး ၀န်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပညာ ဆက်လက် ဆည်းပူးရန် ခက်ခဲသည့် ကလေးများ အတွက် အထောက်အပံ့ များစွာ ရသည့် အတွက် ဆက်လက် ထောက်ပံ့နိုင်ပါစေကြောင်း ၊ အလှူရှင် ဖြစ်သည့် ဆရာမကြီး ဒေါ်ဇင်ခိုင် လည်း အသက် ရာကျော် ရှည်ပြီး ဘ၀ လမ်းကြောင်းမှာ ကျန်းမာချမ်းသာ စွာဖြင့် အသက်ရှည်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ပြီး ဆောင်ရွက်ပေးနိုင်ပါစေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က မြန်မာ-တရုတ် ချစ်ကြည်ရေး ဆောင်ရွက်ချက်များ ၊ ပညာရေး ကဏ္ဍ ဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး အလှူရှင်များ အားလုံးအား ကျေးဇူး တင်ရှိကြောင်း ၊ လိုအပ်သည်များအား အသင်းမှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ နောက် ၂၀၁၈ ခုနှစ် အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကျောင်းသား/ကျောင်း သူများ နှင့် ကိုယ်စားလှယ် များအား တာဝန်ရှိသူများက ပညာသင် ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ပြီး ပညာသင် ထောက်ပံ့ငွေ ရရှိသည့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသား ဟိန်းထက်လင်းက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် အတွက် ကျောင်းသား/ကျောင်းသူ ၁၀၁ ဦး အတွက် တစ်ဦးလျှင် ကျပ် ၃ သိန်းစီဖြင့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က “ဒီနေ့ ပွဲကတော့ ဆရာမကြီး ဒေါ်ဇင်ခိုင်ရဲ့  ပညာရေး ရန်ပုံငွေပွဲပါ။ အဲဒီပွဲမှာ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနဲ့  ဆရာမကြီး ဒေါ်ဇင်ခိုင် နဲ့ ပေါင်းပြီး လုပ်တဲ့ ပညာရေး ရန်ပုံငွေပွဲပါ။ရည်ရွယ်ချက်ကတော့ ပညာထူးချွန်တယ်။ဆင်းရဲနွမ်းပါးလို့ သော်လည်းကောင်း ၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမနေနိုင်ဘူး။ငွေရေးကြေးရေး အခက်အခဲ ရှိတယ်။အဲဒါတွေကို ထောက်ပံ့ပြီးတော့ ပညာ ဆုံးခန်းတိုင်အောင် ရောက်ဖို့ အတွက် သင်ကြားပေးနိုင်အောင် ဆောင်ရွက်ပေးတဲ့ သဘောပါ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန် နည်းပညာ တက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသူတစ်ဦး ဖြစ်သည့် သန္တာက ယခုကဲ့သို့ အဖွဲ့ အစည်းများမှ ထောက်ပံ့ပေးသည့် အတွက်ကြောင့် ကျောင်းတက်ရောက်သည့် အခါတွင် အထောက်အပံ့ များစွာ ရရှိပါကြောင်း ၊ ဆရာမကြီး ဒေါ်ဇင်ခိုင်လည်း ကျန်းမာချမ်းသာ ပါစေကြောင်း ၊ ဆက်လက်ပြီး လှူဒါန်း ထောက်ပံ့မှုများ ပြုလုပ်နိုင်ပါစေကြောင်း ဆုတောင်း စကား ပြောကြားခဲ့သည်။

ဆေးတက္ကသိုလ်(၂)ရန်ကုန်တွင် တက်ရောက် ပညာသင်ကြားနေသည့် တတိယနှစ် ကျောင်းသား သူရအောင်က ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် အတွက် ပညာသင်ကြားရာတွင် များစွာ အထောက်အပံ့ ဖြစ်ပါကြောင်း ၊ ဆရာမကြီး ဒေါ်ဇင်ခိုင်အား ကျန်းမာပါစေကြောင်း မေတ္တာပို့ ပါကြောင်း ပြောကြားခဲ့သည်။

ဆရာမကြီးဒေါ်ဇင်ခိုင်သည် ၂၀၁၃ ခုနှစ် ၊ မတ်လ ၃၀ ရက်တွင် ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေကို ထူထောင်ခဲ့ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတို့ မှ တက္ကသိုလ်ဝင် ဆင်းရဲနွမ်းပါးသည့် ထူးချွန် ကျောင်းသား/ကျောင်းသူများ အတွက် ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် ၃၀ ဦး ၊ ၂၀၁၄ ခုနှစ်တွင် ဒုတိယ အကြိမ်တွင် ၁၀၇ ဦး ၊ ၂၀၁၆ ခုနှစ်တွင် တတိယ အကြိမ် ၁၀၇ ဦး ၊ ၂၀၁၇ ခုနှစ်တွင် စတုတ္ထ အကြိမ် အဖြစ် ၁၀၁ ဦးအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

ဆရာမကြီးဒေါ်ဇင်ခိုင်အား ပညာသင်ကြားရေး၊ အများကောင်းကျိုးဆောင်ရွက်ခြင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး စသည့်ဘက်များတွင် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် “သဒ္ဓမ္မဇောတိကဓဇဘွဲ့” အား ၂၀၁၃ ခုနှစ်တွင် ပေးအပ် ခဲ့သည်။ ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ပေကျင်း နိုင်ငံခြား ဘာသာ တက္ကသိုလ် အငြိမ်းစား ပါမောက္ခတစ်ဦး ဖြစ်ပြီးအသက်အားဖြင့် ၉၀ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006