နံနက်ပိုင်းက ကူမင်းမြို့တွင် လည်ပတ်ပြီး နေ့လယ်ပိုင်းက ချိန်ဒူးမြို့တွင် ဟော့ပေါ့ကို စားနိုင်ပါ သည်။ ယခုလ(၂၅)ရက်နေ့မှစ၍ ယူနန်၊ ကွေ့ကျိုး၊ စစ်ချွမ်းနှင့် ချုန်ချင့်အကြား အရှိန်မြင့်ရထားဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။ ကူမင်း(တောင်ဘက်)မှချိန်ဒူး(အရှေ့ဘက်)သို့ အရှိန်မြင့်ရထား G2886သည် (၂၅)ရက်နေ့က ကူမင်းတောင်ဘက်ဘူတာရုံတွင် ပထမဆုံး ပြေးဆွဲခဲ့ရာ (၄)နာရီ(၄၆) မိနစ်ကြာပြီးနောက် ချုန်ချင့်(အနောက်ဘက်)ကို ရောက်ရှိကာ အချိန်(၂)နာရီ ဆက်လက်ပြေးဆွဲလျှင် ချိန်ဒူးကို ဆိုက်ရောက်နိုင်ကြောင်း ယူနန်ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။
ချုန်ချင့်-ကွေ့ကျိုးအရှိန်မြင့်ရထား စတင်ပြေးဆွဲပြီးနောက် ရှန်ဟိုင်း-ကူမင်းအရှိန်မြင့်ရထား လမ်းကြောင်း၊ ရှီအန်-ချိန်ဒူးအရှိန်မြင့်ရထားလမ်းကြောင်း၊ ကွေ့ကျိုး-ကွမ်တုန်းသံလမ်းရထားကြောင်းနှင့် ယူနန်-ကွမ်ရှီးသံလမ်းရထားကြောင်းတို့သည် ပထမဆုံးအကြိမ် ချိတ်ဆက်ပြီး ပြေးဆွဲနိုင်ခြင်း ဖြစ်မြောက်ခဲ့သည်။ အရှေ့တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းစသည့်ဒေသများ အကြား သွားလာလျှင် အချိန်များစွာသက်သာလာသည်။ တရုတ်နိုင်ငံ၏ အရှိန်မြင့်ရထားလမ်းကြောင်း ကွန်ယက်သည် ပို၍ ထင်ရှားပေါ်လွင်လာသည်။ ယန်စီမြစ်မြစ်ဝကျွန်းပေါ်ဒေသ၊ ပေးကျင်း-ထျန်း ကျင်း-ဟိုပေနှင့် ပုလဲမြစ်မြစ်ဝကျွန်းပေါ်ဒေသ၏ စီးပွားရေးအကျိုးအကျယ်အပြန့်သက်ရောက်မှုကို ပိုပြီး ရရှိစေနိုင်မည်ဖြစ်သည်။ အဆိုပါဒေသရှိ မြို့ပြများအကြား ခရီးသည်များသွားလာရေး၊ ကုန်စည် ပို့ဆောင်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် အရင်းငွေလှည့်လည်ခြင်းစသည်များ မြှင့်တင် စေကာ စီးပွားရေး တစ်ပြေးညီစွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အကောင်အထည်ဖော်မည်ဖြစ်သည်။(သတင်း ထောက်- ချောင်ကျဲ)