တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံ“One Blet One Road”ဖွံ့ဖြိုးရေးအသင်း ပ

2018-01-29 17:13:56 |သတင်းအရင်းအမြစ် 国际在线

တရုတ်နိုင်ငံကူမင်းမြို့တောင်အာရှအရှေ့တောင်အာရှနိုင်ငံတကာ ကုန်သွယ်စီးဆင်းမှုအကယ်ဒမီ နှင့် မြန်မာနိုင်ငံ“One Blet One Road”ဖွံ့ဖြိုးရေးအသင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ချုပ်ဆိုပွဲကို ဇန္နဝါရီလ (၂၈) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ ကူမင်းမြို့ တောင်အာရှအရှေ့တောင်အာရှနိုင်ငံတကာကုန်သွယ်စီးဆင်းမှုအကယ်ဒမီ၊ မြန်မာနိုင်ငံ“One Blet One Road”ဖွံ့ဖြိုးရေးအသင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံတော် ကုန်သည်စက်မှု အသင်းချုပ်နှင့် မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးအသင်းတို့မှ ကိုယ်စားလှယ်များသည် အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံကူမင်းမြို့တောင်အာရှအရှေ့တောင်အာရှနိုင်ငံတကာ ကုန်သွယ်စီးဆင်းမှုအကယ်ဒမီ၏ ဥက္ကဋ္ဌမှ ပြောကြားသည်မှာ-- နှစ်ဦးနှစ်ဖက်သည် think tank ဖလှယ်ရေးစနစ်ကို ပိုမို အောင်မြင်စွာဆောင်ရွက်စေရန်၊ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို တည်ထောင်စေရန်၊ တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းရှင်များက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမူဝါဒနှင့်သက်ဆိုင်ရာဥပဒေများ သိရှိစေရန် အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းမိတ်ဆက်ပွဲကို အကူတကွ ကျင်းပသည်။ တချိန်တည်းတွင်“One Blet One Road”အဆိုပြုချက်နှင့်တရုတ်- မြန်မာစီးပွားရေးင်္ကြံ တည်ထောင်ခြင်းအတွက် တွန်းအားပေးစေရန်၊ အထူးသဖြင့် ယခုခေတ်ရင်ဆိုင်နေသောပြဿနာများကို နက်ရှိုင်းစွာ ဖလှယ်ခြင်း မှတစ်ဆင့် မြန်မာပြည်သူပြည်သားများက တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးကို ပိုမိုရရှိစေရန်၊ ပိုမိုလျှင်မြန်စွာရရှိစေရန် စသည်တို့လည်းရည်ရွယ်ထားပါသည်။

ရန်ကုန်စည်ပင်သာယာရေးမြို့တော်ဝန်မှ ပြောကြားသည်မှာ-- ယခုအချိန်တွင် တရုတ်နိုင်ငံသည် “One Blet One Road”အဆိုပြုချက်ကို တင်ပြပြီး တစ်ကမ္ဘာလုံးမှ ထောက်ပံ့မှုကို ရရှိပါသည်။ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်လည်း “One Blet One Road”ထိပ်သီးဖိုရမ်သို့ တက်ရောက်ပါဝင်ခဲ့သည်။ “One Blet One Road”အဆိုပြုချက်အတွင်းသို့ ပါဝင်ခြင်းက မြန်မာ့လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်ရရှိခွင့်၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ခရီးသွားလာရေးစသည့်နယ်ပယ်တွင် အကျိုးဆောင်ပေးနိုင်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

မြန်မာ့“One Blet One Road”ဖွံ့ဖြိုးရေးအသင်း၏ဥက္ကဋ္ဌမှ ပြောကြားသည်မှာ-- တရုတ်နှင့်မြန်မာ ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးသည် နှစ်နိုင်ငံ၏ မဟာဗျူဟာအကျိုး တက်ရောက်မှုကို ဆောင်ရွက်ပေးနိုင်သည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံငွေပမာဏပေါင်းသည် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများအနက် အများဆုံးဖြစ်သည်။ မြန်မာ့“One Blet One Road”ဖွံ့ဖြိုးရေးအသင်း၏ရည်ရွယ်ချက်သည် “One Blet One Road”အဆိုပြုချက်အတွင်းသို့ တက်ကြွစွာ ပါဝင်ပြီး ထောက်ပံ့မှုပေးခြင်းဖြစ်သည်။ နောင်တွင် ကျွန်တော်တို့အသင်းသည် မြန်မာတရုတ်နှစ်နိုင်ငံ အကြား ဆက်ဆံရေးအတွက် ပေါင်းကူးတံတားအဖြစ်တည်ဆောက်ရန် တွန်းအားပေးမည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006