တရုတ်အမျိုးသားလေကြောင်း(ယူနန်) လေယာဉ်ပေါ်တွင် လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ပြီ

2018-01-30 16:30:16 |သတင်းအရင်းအမြစ် 云桥网

ဇန်နဝါရီလ(၁၆)ရက်နေ့ တရုတ်အမျိုးသားလေကြောင်းဌာနမှ《လေယာဉ်ပေါ် တွင် အီလက်ထရောနစ်ပစ္စည်းကိရိယာများ(PED)အသုံးပြုရန် စမ်းသပ်ရေး လမ်းညွှန်》ကို ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ လေကြောင်းလိုင်းအသီးသီး၏ တုံ့ပြန်မှုကို ရရှိခဲ့သည်။ ဇန်နဝါရီလ(၁၈)ရက်နေ့မှစ၍ တရုတ်အရှေ့လေ ကြောင်းလိုင်း၊ ဟိုင်နန်လေကြောင်းလိုင်းတွင် လိုက်ပါစီးနင်းသော ခရီးသည် များသည် လေယာဉ်ပျံသန်းစဉ်အတွင်း Flight Mode ပါသော လက်ကိုင်ဖုန်း များ(smart phone)ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ သတ်မှတ်ထားသော အရွယ်အစားအတွင်းရှိ လက်ပ်တော့၊ E-book ၊ MP3 ၊ MP4 ၊ အသေးစား ဂိမ်းစက်များကို Airplane mode သို့ပြောင်းထားခြင်း၊ Mobile data များ ပိတ်ထားခြင်းဖြင့် စက်ပစ္စည်းများကို အသုံးပြုနိုင်ပြီဖြစ်သည်။

တချိန်တည်းမှာ တရုတ်အမျိုးသားလေကြောင်း(ယူနန်) လေယာဉ်ပေါ် တွင်လည်း လက်ကိုင်ဖုန်းများစသော အီလက်ထရောနစ်စက်ပစ္စည်းကို အသုံးပြုနိုင်ပြီဖြစ်သည်။ ကူမင်းသတင်း အထွေထွေစင်တာမှ သတင်း ထုတ်ပြန်ချက်အရ ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ခင်းအချိန်တွင် ကူမင်းမြို့မှ ထင်ချုံမြို့သို့ ပျံသန်းသော ယူနန်ရှမ်ဖုံလေကြောင်း 8L9857မှ ယခင်နှင့် မတူသော အချက်မှာ ခရီးသည်များသည် လေယာဉ်ပေါ်တွင် လက်ကိုင်ဖုန်း များ အသုံးပြုနိုင်ကြပြီဖြစ်သည်။

ယူနန်ကွန်ယက်၏ သတင်းကြေညာချက်အရ (၂ဝ၁၈)ခုနှစ် ဇန်နဝါရီလ (၂ဝ)ရက်နေ့ ပေကျင်းစံတော်ချိန် (ဝးဝဝ)နာရီမှစ၍ အရှေ့လေကြောင်းလိုင်း ယူနန်ကုမ္ပဏီမှ လိုက်ပါစီးနင်းသော ခရီးသည်များသည် အရှေ့လေကြောင်း လိုင်းမှ ထုတ်ပြန်ထားသော ပေါ်လစီနှင့် သတ်မှတ်ချက်များကို လိုက်နာပါက လေယာဉ်ပေါ်တွင် လက်ကိုင်ဖုန်းများ (smart phone)၊ E-book ၊ MP3 ၊ MP4 စသောအီလက်ထရောနစ် ပစ္စည်းကိရိယာများကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006