《ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့်  နိုင်ငံအုပ်ချုပ်ရေး》  စာအုပ်ဒုတိယအတွဲကု

2018-02-01 15:21:40 |သတင်းအရင်းအမြစ် 新华社

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့အထိ စာအုပ်《ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့်နိုင်ငံအုပ်ချုပ်ရေး》 ဒုတိယအတွဲသည် တစ်ကမ္ဘာလုံးသို့ဖြန့်ဝေခြင်း အရေအတွက် သိန်း(၁ဝဝ) ကျော်လွန်ပြီဖြစ်သည်။

Photo/CCTV

《ရှီကျင့်ဖျင်၏ တရုတ်စီမံခန့်ခွဲမှုနှင့်နိုင်ငံအုပ်ချုပ်ရေး》စာအုပ်ဒုတိယအတွဲကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် တရုတ်၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် စတင်ထုတ်ဝေပြီးဖြစ်ပြီး စာအုပ်ထဲတွင် တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်၏ ၂ဝ၁၄ ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့မှ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့အတွင်း ပြောကြားခဲ့သောစကားများ၊ ဆွေးနွေးချက်များ၊ မိန့်ခွန်းများ၊ ညွှန်ကြားချက်များ၊ ဂုဏ်ပြုစကားများစသည်တို့ (၉၉) စောင် အပါအဝင်ဖြစ်သည်။ အဆိုပါစာအုပ်သည် ခေါင်းစဉ်(၁၇)ခုဖြင့် ရှီကျင့်ဖျင်ကိုဗဟိုထားသော တရုတ်ကွန်မြူ နစ်ပါတီဗဟိုကော်မတီ၏ ဦးဆောင်ချက်အောက်တွင် တစ်နိုင်ငံလုံးရှိပြည်သူပြည်သားများ ရာစုသစ်တွင်တရုတ်ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးများကို မှတ်တမ်းတင်ထားသည်။ စာ အုပ်ထဲတွင် တရုတ်ကွန်မြူနစ်ပါတီမှ လူသားများအတွက် ကံကြမ္မာတူအသိုက်အဝိုင်း တည်ဆောက် ရေး၊ လူသားများငြိမ်းချမ်းစွာနေထိုင်ရေးနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အ ပံ့ပေးခဲ့သော တရုတ်ဥာဏ်ပညာနှင့် တရုတ်စီမံချက်များ အပြည့်အဝထင်ပေါ်နေပေသည်။

ထုတ်ဝေပြီးဖြစ်သော တရုတ်၊ အင်္ဂလိပ်ဗားရှင်းအပြင် အဆိုပါစာအုပ်သည် ကမ္ဘာအနှံ့မှ စာဖတ်ပရိသတ် များအတွက် ဘာသာစကားဗားရှင်းအမျိုးမျိုးဖြင့်ထုတ်ဝေမည်ဖြစ်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006