Spring Line First China Gourmet Festival ဖွင့်ပွဲအခမ်းအနား ဖေဖော်ဝါရီလ(၂)ရက်နေ့က မြန်မာနိုင်ငံရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း CIR သတင်းအရ သိရသည်။
ယခုအကြိမ်"တရုတ်အစားအသောက်ပွဲတော်" မြန်မာနိုင်ငံတွင် ကျင်းပနိုင်သည့်အတွက် မြန်မာ ပြည်သူပြည်သားနှင့် နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များအား တရုတ်ရိုးရာအစားအသောက်နှင့်စားဖွယ်သောက် ဖွယ်ယဉ်ကျေးမှု ဆောင်ကျဉ်းပေးသည်။ ဤလှုပ်ရှားမှုသည် "တရုတ်အရသာ"ကို မြည်းကြည့်စေနိုင်သည် သာမကဘဲ အစားအသောက်ဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးတံတားသစ် တည် ဆောက်ပေးခဲ့သည်ဟု ပါဝင်တက်ရောက်သည့် ဧည့်သည်များအသီးသီးမှ တင်ပြကြသည်။
ယခုအကြိမ်"တရုတ်အစားအသောက်ပွဲတော်" ဖေဖော်ဝါရီလ(၂)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ရန်ကုန်Parkroyal Hotelတွင် တရုတ်အထိပ်တန်းစားဖိုးမှူးချက်ပြုတ်သော နိုင်ငံတော်အဆင့်ဟင်းလျာနှင့်ပြည့်မီသောပေကျင်းဘဲကင်စသည့် တရုတ်ရိုးရာစားဖွယ်သောက်ဖွယ် များကို ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။(CIR သတင်းထောက်-ဟုန်ချန်ချွန်)