တရုတ်အစိုးရကူညီထောက်ပံ့သော မြန်မာနိုင်ငံဆင်းရဲနွမ်းပါးမှုလျော့ချရေးစံပြစီမံကိန်း ဖေဖော်ဝါရီလ(၁)ရက်နေ့က မြန်မာနိုင်ငံနေပြည်တော်မြို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဤစီမံကိန်းဖော်ဆောင်ခြင်းနှင့်တရုတ်ပံ့ပိုးပေးသောနည်းပညာဖြင့် မြန်မာကျေးလက်ဒေသ အဆင့် ဖွံ့ဖြိုးတိုးတက်မှုအလုပ်ရုံးဌာန၏စွမ်းရည် မြှင့်တင်ရန်လည်းကောင်း နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးပူးပေါင်းဆောင်ရွက်မှုအတွက် စံပြပေးပြီး ဘက်ပေါင်းစုံမှ အောင်မြင်အောင် ဖြစ်မြောက်နိုင်ရန်လည်းကောင်း ရည်ရွယ်ထားကြောင်း CIR သတင်းအရ သိရသည်။
အဆိုပါစီမံကိန်းသည် နေပြည်တော်မြို့တွင် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော အဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား(၁၀+၃)အစည်းအဝေး၌ တရုတ်က ဆင်းရဲနွမ်းပါးမှုလျာ့ချရေး ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ရန် အဆိုပါခဲ့သောစီမံချက်၏အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ ထိုအချိန်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Keqiang က တရုတ်သည် တရုတ်ယွမ် သန်း(၁၀၀)ကို ပံ့ပိုးပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများရှိ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံကိန်းဆောင်ရွက်၍ ဆင်းရဲနွမ်းပါးမှုလျော့ချရေးပူးပေါင်းဆောင်ရွက်မှုစံပြဒေသတည်ထောင်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။