မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကြီးမှူးကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် စသည့် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြာင်း သိရသည်။
တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ်ကျင်းပသည့် အဆိုပါ တရုတ်ရုပ်ရှင်ပွဲတော်တွင် ရုပ်ရုင်ဇာတ်ကားများကို မြန်မာနောက်ခံစကားပြောဖြင့် တင်ဆက်ပြသသွားမည် ဖြစ်ပြီး ပြသမည့်တရုတ်ရုပ်ရှင်ဇာတ်ကားများမှာ Xuan Zang၊ Kung Fu Yoga၊ Detective China Town နှင့် Go away Mr.Tumor တို့ဖြစ်သည်။
ရုပ်ရှင်လက်မှတ်များကို ပွဲမစမီ ၁ နာရီအလိုမှစ၍ ဦးရာလူစနစ်ဖြင့် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံ၊ မုံရွာမြို့ရှိ Paradiso ရုပ်ရှင်ရုံ၊ ပခုက္ကူမြို့ရှိ သီဟရုပ်ရှင်ရုံ၊ ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ၊ ပုသိမ်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ၊ တောင်ကြီးမြို့ရှိ City Square ရုပ်ရှင်ရုံ၊ မန္တလေးမြို့ရှိ ၀င်းလိုက်ရုပ်ရှင်ရုံ၊ နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ၊ ပဲခူးမြို့ရှိ မင်္ဂလာရွှေဟသာင်္ရုပ်ရှင်ရုံ၊ ဘားအံမြို့ရှိ ဦးဆောက်ပန်းရုပ်ရှင်ရုံ၊ မော်လမြိုင်မြို့ရှိ ရုပ်ရှင်ရုံတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းထောက်-ဘဦး