မန္တလေးမြို့အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ကျင်းပသော ၂၀၁၈ ခုနှစ်တရုတ်ရိုးရာနှစ်သစ်ကူး နွေဦးပွဲတော်အကြို ဧည့်ခံပွဲကို ဖေဖော်ဝါရီ၉ရက်နေ့ ညနေ ၆နာရီက မြန်မာပြည် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်၌ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Nandan Singh Bhaisora ၊ တရုတ်ကောင်စစ်ဝန်ချုပ် Mr Wang Zongying နှင့်အထူးဖိတ်ကြားထားသောဧည့်သည်တော်များ တတ်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မန္တလေးမြို့အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တရုတ်ကောင်စစ်ဝန်ချုပ် Mr Wang Zongying (ခ) ဦးကျော်ရင် ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်ကူးအမှတ်တရစကား ပြောကြားကြောင်းသိရသည်။
ဘဦး