တရုတ်နိုင်ငံ Su-35 ဂျက်တိုက်လေယာဉ်များသည် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ်အဖြစ် နောက်ဆုံးပေါ် J-20 လျှို့ ဝှက်ထောက်လှမ်းရေး ဂျက်လေယာဉ်များနှင့်အတူ လေကြောင်း လုံခြုံရေးအတွက် ကင်းလှည့်စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စစ်ဘက် ကျွမ်းကျင်သူတစ်ဦးက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါကင်းလှည့်အစီအစဉ်မှာ ပင်လယ်ပြင်နှင့် ဝေဟင်ပိုက်နက်အခြေအနေ လုံခြုံရေးအတွက် တရုတ်နိုင်ငံ လေတပ်စွမ်းပကားကို မြှင့်တင်ရန် မျှော်လင့်ကြောင်းနှင့် တောင်တရုတ်ပင်လယ်တွင် အဏ္ဏဝါအကျိုးအမြတ်များ ၊ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ဖြစ်ကြောင်း PLA လေတပ်စစ်ဦးစီးတက္ကသိုလ်မှ ပါမောက္ခ Wang Mingzhi က ဆိုသည်။
တရုတ်နိုင်ငံလေတပ်အနေဖြင့် တောင်တရုတ်ပင်လယ်၌ ပုံမှန်ကင်းလှည့်ခြင်းနှင့် စစ်ဆင်ရေး ကင်းလှည့်ခြင်းများကို မကြာခဏ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။