သာယာလှပသောတရုတ်ပြည် တည်ဆောက်ရေး စာမျက်နှာသစ်ဖွင့်လှစ်--ငါးနှစ်အတွင်း တရုတ် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးမှုရလဒ်များ

2018-03-06 18:14:53 |သတင်းအရင်းအမြစ် 新华网

ခရီးသည်တင်သင်္ဘောသည် ကျန်စူပြည်နယ်ထိုက်ဟူရေကန်ရှိ ကွမ်ရှီနိုင်ငံတော် အဆင့်ဆည်မြောင်း တာတမံရှုခင်းဇုန်ကို ဖြတ်သန်းနေသည်။ (၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့က ရိုက်ကူးပုံ) ထိုက်ဟူ ရေကန်ညစ်ညမ်းမှုထိန်းချုပ်ရေးသည် ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှု တည်ဆောက်ရေး အားသွန်ခွန်စိုက် ဖွံ့ဖြိုးမှုကို ဖော်ပြနေသည်။

သဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှု တည်ဆောက်ရန်သည် တရုတ်လူမျိုးတို့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်နိုင်သော မဟာဗျူဟာလုပ်ဆောင်ချက်ဖြစ်သည်။ ပြာလဲ့လဲ့ ကောင်းကင်၊ သန့်စင်သော မြေ၊ ကြည်လင်သောရေ စသည်များရှိသော သာယာလှပသောတရုတ်ပြည်ဖြစ်လာမည်ကို တရုတ်တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သား များက အတူစောင့်မျှော်နေကြသည်။ ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် သိသာထင်ရှားစွာ ကောင်းမွန်လာသည်။ သဘာဝပတ်ဝန်းကျင်ယဉ်ကျေးမှု တည်ဆောက် ရေးတွင် ကြိုးပမ်းအားထုတ်မှု၊ လုပ်ဆောင်ချက်များ ကျင့်သုံးမှုနှင့် အောင်မြင်မှုများစွာ တွေ့မြင်နိုင်သည်။ လေထု၊ ရေ၊ မြေ ညစ်ညမ်းမှုကြိုတင်ကာကွယ်ထိန်းသိမ်းရေးသည်လည်း အောင်မြင်မှုရလဒ်များစွာရရှိထားသည်။ သာယာလှပသောတရုတ်ပြည် တည်ဆောက်ရေး အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။(ပုံ-ဆင်ဟွာသတင်းထောက် လီဟို)

ကျဲကျန်းပြည်နယ်ချန်ရှင်ခရိုင်၏ ရွာသူရွာသားများသည် လျူကျန်ဒူမြစ်ရေဘေးနား တွင် ဟင်းသီး ဟင်းရွက်ဆေးနေသည်။ မြစ်ရေပတ်ဝန်းကျင် ကောင်းမွန် လာသည်နှင့်အလျောက် ရွာသားများသည် မြစ်ရေဖြင့် ဆန်ဆေးခြင်း၊ ဟင်းသီးဟင်း ရွက်ဆေးခြင်းတို့ကို ပြန်လည်လုပ်ဆောင်လာကြသည်။ (၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့ ဆင်ဟွာသတင်းထောက် ရှူယီက ရိုက်ကူးပုံ)

စိုင်းဟန်းဘဆည်မြောင်း တာတမံရှုခင်းသာ။ (ပုံ-ဝမ်လုံး)

ပြာလဲ့လဲ့ကောင်းကင် ၊ တိမ်ဖြူဖြူနှင့် ဘေကျင်းတွင် တည်ရှိသောCBD။ (၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ဆင်ဟွာသတင်းထောက် လောရှောင်ကွမ်က ရိုက်ကူးပုံ)

ဟိုပေပြည်နယ် ကူအန်ခရိုင်တွင် မော်တော်ယာဉ်ကင်းမဲ့နေ့ဟူသော ဆောင်ပုဒ်ဖြင့် စက်ဘီးစီးလှုပ်ရှားမှုတွင် မြို့သူမြို့သားများက စက်ဘီးစီးကြသည်။ (၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့ ဆင်ဟွာ သတင်းထောက် ဝမ်ရှောင်က ရိုက်ကူးပုံ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006