၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲတွင် မတ်လ(၁၁)ရက် မွန်းလွဲ ၂ နာရီက ကိုယ်စားလှယ်များ မီဒီယာတွေ့ဆုံပွဲကို တတိယအကြိမ် ကျင်းပရာ ယူနန်ပြည်နယ်ကျောက်ထုံးမြို့မှ ကိုယ်စားလှယ် ကော်တာ့ကျင့်က မီဒီယာသတင်းထောက်များ၏ အင်တာဗျူးကို ဖြေကြားသည်။
ကိုယ်စားလှယ် ကော်တာ့ကျင့်က ကျောက်ထုံးမြို့ မြို့တော်ဝန်အနေနှင့် ကျောက်ထုံးထွက်ပန်းသီးကို မိတ်ဆက်ပြသပြီး တရုတ်တစ်နိုင်ငံလုံးပြည်သူပြည်သားများ ကျောက်ထုံးထွက်ပန်းသီးမြည်းကြည့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။ ကျောက်ထုံးသည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသ အရည်အသွေးကောင်းမွန်သောပန်းသီးထွက်သည့်အခြေခံဒေသနှင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသရှိ ရာသီဥတုအေးမြသည့် ကုန်းပြင်မြင့်ဒေသတွင် ကိုယ်စားအပြုနိုင်ဆုံးသောပန်းသီးထွက်ရာနေရာဖြစ်သည်။
တွေ့ဆုံပွဲတွင် ကိုယ်စားလှယ်က "တစ်သုံးလုံး" ကိုမျှဝေပေးထားသည်။ ၎င်း "တစ်သုံးလုံး"သည် “ပန်းသီး တစ်လုံး" ၊“လမ်းကြောင်းကွန်ယက်တစ်ခု”နှင့် “ဖော်ဆောင်ချက်တစ်ခု” ဟု အဓိပ္ပာယ်ရသည်။ “ပန်းသီး တစ်ခု”ဆိုလိုသည်မှာ ပန်းသီးစိုက်ပျိုးရေးလုပ်ငန်းသည် ဒေသတွင်း ရေပန်းစားသောလုပ်ငန်းအနေနှင့် ဆင်းရဲသားများစွာအား ဆင်းရဲမှုလျော့ချစေခဲ့ပြီး ပန်းသီးအနီမှာ “ရွှေပန်းသီး”ဖြစ်လာခြင်းဖြစ်သည်။ “လမ်းကြောင်းကွန်ယက်တစ်ခု” ဆိုလိုသည်မှာ လမ်းပန်းဆက်သွယ်ရေး ဦးစားပေးဖွံ့ဖြိုးမှုမဟာဗျူဟာကို အရေးကြီးဆုံးဆင်းရဲမှုလျော့ချရေးမဟာဗျူဟာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ “ဖော်ဆောင်ချက်တစ်ခု” ဆိုလိုသည်မှာ လူကျမ်ငလျင်ဒဏ်ထိခိုက်မှုကြောင့် သုံးနှစ်ကြာမြင့်သော ကြိုးပမ်းအားထုတ်မှုဖြင့် ငလျင်ဒဏ်ခံရခဲ့သည့်ဒေသများ ပြန်လည်တည်ထောင်လာခြင်းဖြစ်သည်။(ယူနန်နေ့စဉ်သတင်းစာ)