ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျူယုတ်ယုံက ယူနန်ဒေသထွက်အာလူးကို မတ်လ (၁၃)ရက်နေ့ နံနက်(၈)နာရီက တရုတ်ပြည်သူ့ခန်းမဆောင်တွင် မိတ်ဆက်ပြသကြောင်း သိရသည်။
အာလူးသည် တစ်ကမ္ဘာလုံးတွင် ဂျုံနှင့်ပြောင်းဖူးပြီးနောက် တတိယအရေးအပါဆုံး သောအစားအစာဖြစ်ပြီး စပါးနှင့်ဂျုံပြီးနောက် တတိယအကြီးဆုံးစားနပ်ရိက္ခာ ဖြစ်သည်။
ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအာလူးအဓိကထွက်ရှိရာနေရာဖြစ်ပြီး အာလူးစိုက်ပျိုး ဧရိယာအကျယ်အဝန်းနှင့် အဓိကအထွက်နှုန်းမှာ တစ်နိုင်ငံလုံးတွင် ရှေ့တန်းက ဦးဆောင်ရပ်တည်နေသည်။ ထို့ကြောင့်လည်း ယူနန်ဆရာအတတ်သင်တက္ကသိုလ်သည် ၂၀၁၆ ခုနှစ်က အာလူးအကယ်ဒမီကို တည်ထောင်ခဲ့ပြီး ပြုစုပျိုးထောင်ထားသော "ပူးပေါင်းဆောင်ရွက်မှု အမှတ် (၈၈)"နှင့် "ယူနန်ဆရာအတတ်သင်တက္ကသိုလ် အမှတ်(၆)"ဟူသော အာလူးနှစ်မျိုးအား ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။