နီပေါ-တရုတ်မီဒီယာများဖိုရမ်ဥက္ကဋ္ဌသည် ယူနန်နေ့စဉ်သတင်းစာတိုက်ကို လာရောက်လေ့လာ

2018-03-16 18:44:52 |သတင်းအရင်းအမြစ် 云南日报

နီပေါသတင်းမီဒီယာကော်မတီ အမှုဆောင်ဥက္ကဋ္ဌ၊ နီပေါ-တရုတ်မီဒီယာများဖိုရမ်ဥက္ကဋ္ဌ၊ နီပေါ "JANA AASTHA National Weekly" အယ်ဒီတာချုပ်ဖြစ်သူ Kishor Shrestha သည် မတ်လ(၁၅)ရက်နေ့က ယူနန်နေ့စဉ်သတင်းစာတိုက်ကို လာရောက်လေ့လာပြီး သက်ဆိုင် ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယူနန်နေ့စဉ်သတင်းစာအရ သိရ သည်။

ယူနန်နေ့စဉ်သတင်းစာတိုက်၏ တာဝန်ရှိသူက ယူနန်နေ့စဉ်သတင်းစာတိုက်အ ကြောင်းကို မိတ်ဆက်သည်။ နိုင်ငံတကာသတင်းဖြန့်ဖြူးရေး၊ ဖလှယ်ရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုအကြောင်း အထူးသဖြင့် နီပေါမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးမိတ်ဆက်ပြောကြားခဲ့သည်။

"ကျွန်တော် ယူနန်ကို ဆယ်ကြိမ်မက ရောက်ဖူးတယ်။ ယူနန်ကို အရမ်းရင်းနှီးသလိုပဲ ယူနန်နေ့စဉ်သတင်းစာတိုက်ကိုလည်း သိကျွမ်းပါတယ်။ မြန်မာနိုင်ငံမှာ ခင်ဗျားတို့အဖွဲ့ရဲ့ "တရုတ်•ယူနန်" အထူးစာစောင်ကို ဖတ်ခဲ့ဖူးတယ်။ အဲဒီဒေသက ချီးကျူးသံတွေ တော်တော်ကြားရတယ်။" ဟု Kishor က စိတ်လှုပ်ရှားစွာ ပြောပြသည်။ နီပေါနှင့်တရုတ်နှစ်နိုင်ငံသည် ညီအစ်ကိုကဲ့သို့ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ပေါများကြွယ်ဝသော သဘာဝအလှတရားနှင့် ယဉ်ကျေးမှုများ ရှိသည့်အတွက်ကြောင့် ရှေးကတည်းကပင် တည်တံ့ခိုင်မြဲသောချစ်ကြည်ရေး ရှိပါကြောင်း၊ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ယူနန်နေ့စဉ်သတင်းစာတိုက်နှင့် "JANA AASTHA National Weekly" ပူးတွဲထုတ်ဝေသော "တရုတ်•ယူနန်" အထူးစာစောင်ကို နီပေါခတ္တမန္တူမြို့တွင် ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ပြီး နီပေါတစ်နိုင်ငံလုံးတွင် ဖြန့်ချိကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်မှုတံတားကြီး ပိုမိုခိုင်မြဲအောင်တည်ဆောက်ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်သိရှိနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အထောက်အကူပြုနိုင်ကြောင်း Kishor က ဆက်လက်ပြောကြားသည်။

"တရုတ်•ယူနန်" အထူးစာစောင်မှာ နီပေါလူမျိုးအား တရုတ်နိုင်ငံအထူးသဖြင့် ယူနန်ပြည်နယ်အပေါ် သိရှိစေနိုင်သောပြတင်းပေါက်တစ်ခုဖြစ်ပါကြောင်း၊ နီပေါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလိုလားချက် ကြီးမားလာသည်နှင့်အညီ ပြည်သူလူထုတို့သည် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု"အပေါ် စိတ်ဝင်စားလာကြကြောင်း၊ ၎င်းစာစောင်မှာ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အဆိုပြုချက်အရ ယူနန်ပါဝင်ဆောင်ရွက်သည့် အကြောင်းအရာနှင့် တရုတ်ယူနန်နှင့်နီပေါတို့သည် လယ်ယာစိုက်ပျိုးရေး၊ စီးပွားကုန်သွယ်ရေး၊ ပညာရေးနှင့် ခရီးသွားလာရေး စသည့်နယ်ပယ်များ၏ပူးပေါင်းဆောင်ရွက်မှုကို ထည့်သွင်းဖော်ပြပြီး နီပေါ-တရုတ်နှစ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးရရှိနိုင်ရန် မျှော်လင့်ပါကြောင်း Kishor ကပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006