တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အား ချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံက အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းနိုင်ငံများအား ကူညီထောက်ပံ့ခြင်းကို မဟာဗျူဟာမြောက် အင်အားချဲ့ထွင်ခြင်းအဖြစ် နားလည်မှုလွဲခြင်းသာ ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ကျင်းပသည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ လီခဲ့ချန်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ ကိစ္စရေးရာတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲဖို့ ကျွန်တော်တို့ အလေးထားပါတယ်” ဟု ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။
(Xinhua)