တရုတ်ပြည်၏ တံခါးဖွင့်ဝါဒမှာ R&Dက များစွာအရေးပါခဲ့ဟု မြန်မာစကော်လာကျောင်းသူသုံးသပ်

2018-03-26 18:05:00 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံသည် နှစ် ၄၀ အတွင်း ရရှိခဲ့သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်ရေးနှင့် ခွဲမရကြောင်း၊ တံခါးဖွင့်ရေးသည် တရုတ်နိုင်ငံ၏အခြေခံမူဝါဒဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းကာကွယ်ပြီး တံခါးဖွင့်ရေးကို တဆင့်တိုးချဲ့မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေချန်က  ပြီးခဲ့တဲ့မတ်လ(၂၀) ရက်နေ့က ပေကျင်း၌ ပြည်တွင်း ပြည်ပသတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟုသိရသည်။

အခုလို တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်ဝါဒကျင့်သုံးခဲ့ခြင်းနှင့်ပတ်သက်ပြီး ပေကျင်းတက္ကသိုလ်တွင် စီးပွားရေးပြည်သူ့မူဝါဒရေးရာဘာသာရပ်ဖြင့် လာရောက်ပညာသင်ကြားနေသည့် မြန်မာနိုင်ငံ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်းကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက တရုတ်နိုင်ငံသည် ၁၉၇၉-၁၉၈၀ တွေတိုင်အောင် စီးပွားရေးက ကြပ်တည်းခဲ့တာကိုတွေ့ရကြောင်း၊ ဒါပေမယ့် ၁၉၈၀ လောက်မှာ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်တွေက ပညာရေးကို ရင်းနှီးမြှပ်နှံမှ စီးပွားရေးကလည်း အသွင် ပြောင်းလဲမှုတွေဖြစ်မယ်ဆိုတာ သုံးသပ်မိသည့်အတွက် အရင်ဆုံး ဂလိုဘယ်လိုက်ဇေးရှင်းလုပ် လိုက်ကြောင်း၊  အရင်ကဆို သီးခြားတစ်ဦးတည်း တံခါးပိတ်ဝါဒကိုပဲကျင့်နေခဲ့ပြီး ၁၉၈၀ မှာ Globalization  wave ကရောက်လာတဲ့အချိန်တွင် ဒါကို ဘယ်လိုလက်ခံမလည်းဆိုတဲ့ အစီအစဉ် တွေနှင့် ရောက်ရှိလာမယ့် Tram တစ်ခုကို လက်သင့်ခံနိုင်အောင် ဒီရေစီးကြောင်းနှင့်အတူ လိုက်ပါ စီးမျှောနိုင်အောင် စီးပွားရေးဘက်မှာ အများကြီးပြင်ဆင်လိုက်ကြောင်း၊ လိုက်လျောညီထွေမှုမရှိတဲ့ Rule&regulation တွေကို ပြောင်းလိုက်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ခွင့်ပြုလိုက်ကြောင်း၊ ၁၉၈၀ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ခွင့်ပြုလိုက်သလို စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အချိန်နှင့် တစ်ပြေးညီလုပ်တဲ့အပြင် စီးပွားရေးမှာ Research နှင့်Development ဆိုတဲ့ R&D ကို ပူးတွဲလုပ်လိုက်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ဘယ်လောက်တောင်လုပ်သလည်းဆိုရင် ထွက်လာတဲ့ ဂျီဒီပီ ၁၈ ရာခိုင်နှုန်းကို ဒီ R&D ထဲမှာ ရင်းနှီးမြှပ်နှံလိုက်ကြောင်း၊  ဒီလိုသုတေသနတွေ လုပ်လိုက် တဲ့အကျိုးအမြတ်က ၂၀၀၀ ပြည့်နှစ်ရောက်တဲ့အချိန် တံခါးဖွင့်ဝါဒကျင့် သုံးခဲ့တဲ့နှစ်(၂၀)ပြည့်တဲ့ အချိန်မှာ စီးပွားရေးပိုင်းမှာ ရလဒ်တွေ အများကြီးဖြစ်လာလို့ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်ခင်မာအေးက တရုတ်နိုင်ငံနှင့် ကိုက်ညီတဲ့စီးပွားရေးမူဝါဒ တွေ Plan တွေ ချမှတ်ဖို့အတွက် R&D ကို နှစ်(၂၀)လောက် လုပ်ခဲ့တဲ့အတွက်  ကောင်းမွန်တဲ့ Planတွေ မူဝါဒတွေကို ချမှတ် နိုင်ခဲ့ကြောင်း၊  အဲဒီလို မူဝါဒတွေကို ထိန်းကျောင်းနိုင်မယ့်တစ်ဘက်က လူစွမ်းအားအရင်းအမြစ် ကလည်း နှစ်(၂၀)လောက် ရင်းနှီးမြှပ်နှံထားတဲ့ အတွက်ကြောင့်  စီးပွားရေးမူဝါဒ စီမံကိန်းတွေကလည်း ကောင်းနေတဲ့အချိန်မှာ ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ များစွာခရီးရောက်သွားခဲ့တဲ့အတွက် အခုဆို စီးပွားရေးမှာ ဒုတိယ နေရာမှာ ရောက်နေပြီဖြစ်ကြောင်း သူ့ရဲ့အမြင်ကို သုံးသပ်ပြောဆိုထားပါသည်။

တရုတ်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဂျီဒီပီ (၆.၅)ရာခိုင်နှုန်း ၀န်းကျင်တိုးတက်ဖို့ မျှော်မှန်းထားတယ်လို့သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006