မတ်လ(၂၃)ရက်နေ့ထိ ယူနန်ပြည်နယ်အတွင်း အမြန်ကားလမ်း ဝန်ဆောင်မှုစခန်း အသစ်တည်ဆောက် ခြင်းနှင့် အကျယ်တိုးချဲ့ ပြုပြင်ခြင်းလုပ်ငန်း (၁၀၆)ခုအနက် (၆၆)ခု ဆောင်ရွက်ပြီးမြောက်ခဲ့သည်ဟု မတ်လ(၂၆)ရက်နေ့ကကျင်းပသည့် သက်ဆိုင်ရာအလုပ်ရုံမိတ်ဆက်ပွဲမှ သတင်းရရှိပါသည်။
အမြန်ကားလမ်းလုပ်ငန်းသည် ယူနန်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးပြီး ယူနန်ခရီးသည် အဝင်အထွက် အဆင်ပြေချောမွေ့စေရန်အတွက်လည်း အလွန်အကျိုးရှိမည်ဟု မိတ်ဆက်ပြောကြားသည်။ ထို့ကြောင့်၊ ၂၀၁၇ ခုနှစ်မတိုင်ခင်ကတည်းက ယူနန်ပြည်နယ် ပြည်သူ့ အစိုးရသည် တစ်ပြည်နယ်လုံးအတွင်း အမြန်ကားလမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းဆောင်ရွက် ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ယူနန်ပြည်နယ်အတွင်း အမြန်ကားလမ်း ဝန်ဆောင်မှုစခန်း အသစ်တည်ဆောက်ခြင်းနှင့် အကျယ်တိုးချဲ့ ပြုပြင်ခြင်းလုပ်ငန်း (၁၀၆)ခုရှိပြီး ၎င်းတို့အနက် (၂၆)ခုသည် အသစ်တည်ဆောက်ခြင်းဖြစ်ကာ (၆၆)ခု သည် အကျယ်တိုးချဲ့ရန် ပြုပြင်ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် ပြည်နယ်ခွဲ(၁၂)ခုနှင့်ဆိုင်ပြီး မြေ တရုတ်ဧက ၄၃၀၀ ခန့်အား ငှားရမ်းအသုံးပြုကြောင်း၊ လူနေအိမ် (၁၀၂)အိမ် ရွှေ့ပြောင်းရကြောင်း၊ လျှပ်စစ်နှင့် ရေပိုက်လိုင်းကြောင်းဖြုတ်ချခြင်း (၉၃၁)ခုကျော် ရှိကြောင်း၊ အဆိုပါစီမံကိန်းအတွက် တရုတ်ငွေယွမ်(၅.၈)ဘီလီယံ ရင်းနှီးမြှုပ်နှံကြောင်း အစိုးရ၏စီမံကိန်းအရ သိရပါသည်။