ယခုရက်ပိုင်းအတွင်း ယူနန်လက်နက်ကိုင်ရဲတပ်ဖွဲ့ ကျောက်ထုံးခရိုင်အဖွဲ့ခွဲသည် ၂၀၁၈ ခုနှစ် ပထမသုံးလပတ် စစ်ရေးစွမ်းရည်လေ့ကျင့်ခြင်း ပြုလုပ်လျက်ရှိသည်။ ယခုအကြိမ် လေ့ကျင့်ခြင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုစွမ်းရည်၊ စစ်ရေးစွမ်းရည်၊ စိတ်ဓာတ်ခွန်အားကြံ့ခိုင်မှုစွမ်းရည် စသည်တို့ ပါဝင် သည်ဟု သိရှိရပါသည်။
အဆိုပါလေ့ကျင့်ခြင်းသည် အကြမ်းဖက်တိုက်ခိုက်ရာတွင် စစ်ပွဲအောင်နိုင်ခြင်းအတွက် ရည်ရွယ် ထားပြီး စစ်ပွဲ၏အားနည်းချက်ကိုလည်း အလေးထားကာ လေ့ကျင့်ကြသည်။ နောင်တွင် အကြမ်း ဖက်တိုက်ခိုက်ခြင်း အောင်နိုင်စေရန် ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်နှင့်ကိုယ်ကာယ အဆုံးစွန် စိန်ခေါ် ခြင်းမှတစ်ဆင့် စစ်ပွဲတိုက်ခိုက်မှုစွမ်းရည်အသီးသီးကို တိုးမြှင့်လာမည်ဖြစ်သည်။