"မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း"အွန်လိုင်း ပလက်ဖောင်းအား ဇွန်လ(၁)ရက်နေ့တွင် အတိအကျ တရားဝင် စတင်လည်ပတ်နိုင်မည် ဖြစ်ပြီး မိုဘိုင်းဖုန်းဖြင့် ယူနန်ကို အဆင်ပြေလွယ်ကူလွတ်လပ်စွာ လှည့်လည်ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ပြည်သူ့ အစိုးရ၏ မတ်လ (၂)ရက်နေ့က ကျင်းပသည့် "မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း"အစီအစဉ်တည်ဆောက်ရေးအထူးအစည်းအဝေးတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး ယွမ်ချိန်ဖ်က ပြောကြားသည်။
"မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း"အွန်လိုင်း ပလက်ဖောင်းတည်ဆောက်ရေးနှင့် ယူနန်ခရီးသွားလာရေးအဆင့်မြှင့်တင်ပြောင်းလဲရေးအပေါ်အလွှာပေါင်းစုံမှ အထူးဂရုစိုက်ကြကြောင်း၊ "မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း"အစီအစဉ်အား မတ်လ(၁)ရက်နေ့က အွန်လိုင်းတွင် စမ်းသပ်လည်ပတ်ခဲ့ရာ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် တက်တက်ကြွကြွ တုံ့ပြန်မှုရရှိခဲ့ကြောင်း၊ ယူနန်ပြည်နယ်ဆိုင်ရာဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းအဖွဲ့တို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် အဆိုပါအွန်လိုင်း ပလက်ဖောင်းတည်ဆောက်ရေးအတွက် ကဏ္ဍအပိုင်းလိုက်ရလဒ်ကောင်းများ ရရှိသော်လည်း ခန့်မှန်းထားသည့်ပန်းတိုင်ကို မရောက်ရှိသေးဘဲ ဆက်လက်ကြိုးပမ်း အားထုတ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယွမ်ချိန်ဖ်က ဆက်လက်ပြောကြားသည်။
သိကောင်းစရာ။
"မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း"အစီအစဉ်မှာ အဘယ်နည်း။
"မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ကြည့်ရှုခြင်း"အစီအစဉ်မှာ ယူနန်ပြည်သူ့အစိုးရနှင့် Tencent ကုမ္ပဏီ တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့်အစီအစဉ်ဖြစ်သည်။တရုတ်နိုင်ငံ ထိပ်တန်း စမတ်ခရီးသွားလာရေး big data အွန်လိုင်း ပလက်ဖောင်းတည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည်။ ခရီးသည်များသည် အင်တာနက် 4G လွှမ်းမိုးသော ယူနန်ပြည်နယ်အတွင်း မိုဘိုင်းဖုန်းတစ်လုံးဖြင့် ခရီးစဉ်အတွင်း စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာလည်ပတ်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ဖျော်ဖြေရေးစသည့် ကဏ္ဍပေါင်းစုံ၏ စမတ်ဝန်ဆောင်မှုများကို ရရှိခံစားနိုင်မည်ဖြစ်သည်။