ပဉ္စမအကြိမ် တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကူမင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍသစ်များ ဖွင့်လှစ်နိုင်ခဲ့

2018-04-04 18:00:33 |သတင်းအရင်းအမြစ် 云南日报

ပဉ္စမအကြိမ် တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အား ဧပြီလ(၃)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက်တို့သည် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အဦး၊ ခရီးသွားလာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ နယ်စပ်ဒေသအုပ်ချုပ်မှုနှင့် လုံခြုံရေး စသည့်ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းအောင်မြင်မှုရရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေးကြပြီး သဘောတူညီချက်များစွာ ရရှိကြောင်း ယူနန်နေ့စဉ်သတင်းတိုက်မှ သတင်းအရ သိရသည်။

နှစ်ဦးနှစ်ဖက်တို့သည်"တရုတ်-မြန်မာမော်တော်ကားပို့ဆောင်ရေးသဘောတူညီ ချက်"ကို တက်တက်ကြွကြွ လက်မှတ်ရေးထိုးနိုင်ရန် သဘောတူကြပြီး လန်ချန်းမြစ်- မဲခေါင်မြစ် နိုင်ငံတကာရေကြောင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ထားခြင်း၊ နယ်စပ်ဂိတ်တည်ဆောက်ရေး အတူမြှင့်တင်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများနှင့် အခြားနိုင်ငံပြည်သူတို့သည် နိုင်ငံကူးလက်မှတ်ဖြင့် ရွှေလီ-မူဆယ်စသည့်ဒေသရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံထုတ် ခရီးသည်တင်မော်တော်ကားနှင့် စီးပွားရေးသုံးမော်တော်ကားများကို မြန်မာနိုင်ငံသို့ တင်ပို့ခြင်း သို့မဟုတ် မြန်မာနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခြင်း စသည့်ကဏ္ဍများဖြင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန် တည် ဆောက်ရေးအပေါ် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ကြသည်။

ထို့အပြင် ငွေရေးကြေးရေးနှင့် အာမခံကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတွင် နက်ရှိုင်းစေခြင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားအထွေထွေဖွံ့ဖြိုးတိုးတက်မှုဇုန်နှင့် တရုတ်ယူနန်-မြန်မာ လယ်ယာစိုက်ပျိုးရေး နယ်ခြားစီးပွားရေးစင်္ကြန်တည်ဆောက်ရေးတွင် တွန်းအားပေးခြင်း၊ လယ်ယာစိုက်ပျိုးရေး နည်းပညာကျွမ်းကျင်သူများအတွက် မွန်းမံသင်တန်းနှင့်ဖလှယ်ရေး ပြုလုပ်ခြင်းနှင့် နယ်စပ်ဒေသ နွားကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးစေခြင်းဖြင့် တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း နှစ်ဦးနှစ်ဖက်တို့မှ ထင်မြင်ယူဆချက်များ ပြောကြားကြသည်။

အနာဂတ် ခရီးသွားလာရေးပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန် နှစ်ဦးနှစ်ဖက်မှ သဘောတူကြသည်။ ရန်ကုန်မြို့နှင့်ကူမင်းမြို့တွင် " တရုတ်ယူနန် ယဉ်ကျေးမှုအထိမ်းအမှတ်သီတင်းပတ်"နှင့် "မြန်မာ့ယဉ်ကျေးမှုအထိမ်းအမှတ်သီတင်းပတ်"ကို အလှည့်ကျကျင်းပခြင်း၊ ပညာရေးပူးပေါင်းဆောင်ရွက်မှု၊ တက္ကသိုလ်ကျောင်းများအကြား ဖလှယ်ရေးနှင့် ပညာတော်သင် အပြန်အလှန်စေလွှတ်ခြင်း စသည်တို့အား ဆက်လက်ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ယူနန်သည် မြန်မာနိုင်ငံတွင် "အလင်းရောင်ခရီးစဉ်" မျက်စိတိမ်ရောဂါခံစားသော ဝေဒနာရှင်များအား အလင်းပြန်လည်မြင်နိုင်ရန် ပရဟိတဆေးကုသရေးလှုပ်ရှား မှုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစသည်များကို နှစ်ဦးနှစ်ဖက်မှ အားပေးထောက်ခံကြသည်။

နယ်စပ်ဒေသအုပ်ချုပ်ရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ ချမ်းသာတည်ငြိမ်သောနယ်စပ်ဒေသ အတူတည်ဆောက်ခြင်း၊ နယ်စပ်ဒေသ၏ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းခြင်း စသည်တို့အပေါ် နှစ်ဦးနှစ်ဖက်တို့သည် သဘောတူညီချက်များ ရရှိကြသည်။ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ တရားမ၀င်မှောင်ခိုခြင်းစသည့် နယ်ခြားအပြစ်ကျူးလွန်မှုကို ပူးပေါင်းတိုက်ဖျက်ရန် နှစ်ဦးနှစ်ဖက်တို့သည် သဘောတူညီကြပြီး ရဲဝန်ထမ်းများအား မွမ်းမံသင်တန်းများပေးရန် အသိအမြင်များဖလှယ်ရန် ဆွေးနွေးခဲ့ကြသည်။

ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှုး ကျန်းကော်ဟွနှင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်းကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက အဆိုပါဖိုရမ်တွင် အမှာစကား အသီးသီးပြောကြားပြီး " ပဉ္စမအကြိမ် တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှတ်တမ်း"ကိုလက်မှတ်ရေးထိုးကြသည်။ အစည်းအဝေးမကျင်းပခင် ကျန်းကော်ဟွသည် ဦးမြင့်သူတို့အဖွဲ့နှင့် သီးခြားတွေ့ဆုံခဲ့သည်။

တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယူနန်ပြည်နယ်ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပခြင်းဖြစ်သည်။ ပထမကြိမ်ဖိုရမ်ကို ၂၀၁၃ ခုနှစ်က ကူမင်းမြို့တွင် ကျင်းပခဲ့ပြီးနောက် နှစ်စဉ်နှစ်တိုင်း တရုတ်ယူနန်နှင့်မြန်မာတွင် အလှည့်ကျ ကျင်းပလေ့ရှိသည်။ အဆိုပါဖိုရမ်သည် နှစ်ဦးနှစ်ဖက်တို့သည် ဆွေးနွေးဖလှယ်ရေး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ ယုံကြည်မှု အပြန်အလှန်မြှင့်တင်ရေးအတွက် အရေးပါသောပလက်ဖောင်းအဖြစ် တရုတ်ယူနန်နှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် တစ်နေ့တစ်ခြား ကြီးမားသောအကျိုးကျေးဇူးများ ရရှိလာကြောင်း သိရသည်။
(သတင်းထောက်။ ဟန်ချန်ယန်၊ လျူကျီယွီ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006