တရုတ်ချင်မင်းပွဲတော်အချိန်ကာလတွင် အရှေ့တောင်အာရှ၊ တောင်အာရှတွင် နေထိုင်ကြသည့် တရုတ်မျိုးနွယ်တို့နှင့် တရုတ်ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုရှိ တရုတ်လူမျိုးတို့သည် ကူမင်းမြို့ ချန်ရွှေလေဆိပ်မှ ပြည်မဇာတိမြေကို ပြန်ကြပြီး ဘိုးဘွားများ၏ သချိုင်းအုတ်ဂူအား သန့်ရှင်းကာ ပူဇော် ကန်တော့ကြကြောင်း သိရသည်။ ဧပြီလ(၅)ရက်နေ့မှ (၈)ရက်နေ့ထိ ရုံးပိတ်ရက်(၃)ရက်အတွင်း၊ ချန်ရွှေ လေဆိပ်မှ ပြည်ဝင်ခရီးသည်ဦးရေသည် (၃)သောင်း(၃)ထောင့် (၃)ရာရှိပြီး ပြည်ဝင်ပြည်ထွက်လေယာဉ် (၂၇၁)စီး ဆိုက်ရောက်ထွက်ခွာရာ ပြည်ဝင်ပြည်ထွက်ခရီးသည် ဦးရေသည် လွန်ခဲ့သောနှစ်ထက် (၇၅၇၄)ယောက် တိုးများလာကြောင်း ယူနန်ပြည်နယ်နယ်စပ်ဒေသလုံခြုံရေး ကာကွယ်ရေး ရဲတပ်ဖွဲ့မှ သတင်းအရ သိရသည် ။
ချင်မင်းပွဲတော်ကာလတွင် ပြည်ဝင်ပြည်ထွက် ပိုမိုအဆင်ပြေစေရန်အတွက် ယူနန်ပြည်နယ် နယ်စပ် ဒေသ လုံခြုံရေးကာကွယ်ရေးရဲတပ်ဖွဲ့သည် ချင်မင်းပွဲသီးသန့်ဝင်ထွက်လမ်းကြောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး ကိုယ်ထူကိုယ်ထ(self-help)စစ်ဆေးခြင်းလမ်းကြောင်းဖွင့်လှစ်ကာ စက်ကိရိယာများဖြင့်စစ်ဆေး ဝင်ထွက်ခွင့်ပေးထာသည်။ “လက်ဗွေနှိပ် ဓာတ်ပုံရိုက်ပြီး အချက်အလက်နဲ့ကိုက်ညီသူတွေက ဝင်ထွက် နိုင်မယ်။ (၁၀) စက္ကန့်ပဲလိုတယ်”ဟု ယူနန်ပြည်နယ်နယ်စပ်ဒေသလုံခြုံရေး ကာကွယ်ရေး ရဲတပ်ဖွဲ့ ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။
"နှစ်စဉ် ချင်မင်းပွဲကာလမှာ ကူမင်းနယ်စပ်ဒေသလုံခြုံရေးကာကွယ်ရေးစခန်းက တရုတ်ထိုင်ဝမ်၊ တရုတ်ဟောင်ကောင်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ မလေးရှားနဲ့ စင်္ကာပူစတဲ့နိုင်ငံနဲ့ဒေသက တရုတ် မျိုးနွယ်ကို အများအပြားလာကြတယ်။ ပြည်ဝင်ပြည်ထွက် ပိုမိုလျှင်မြန်ဖို့ကို ကျွန်တော်တို့က လှည့်လည် စစ်ဆေးသူနဲ့ လမ်းညွှန်ပေးသူတွေကို တိုးထားတယ်။ သက်ကြီးရွယ်အိုနဲ့ကလေ့းတွေကို သီးသန့် လမ်းကြောင်းနဲ့ သွားလာနိုင်ဖို့ လမ်းညွှန်ပေးတယ်”ဟု ကူမင်းနယ်စပ်ဒေသလုံခြုံရေး ကာကွယ်ရေး စခန်းမှ တာဝန်ခံ ဝမ်ချီဟွာမှ ပြောကြားသည်။