ဆင်များက မြို့ပြထဲ လျှောက်လည်ခြင်းကို နှစ်သက်သလား။ တောရိုင်းအာရှဆင်တစ်ကောင်သည် ဧပြီလ (၇) ရက်နေ့ညပိုင်းက ဖူအလ်မြို့ စီမောင်မြို့နယ်ထဲတွင် လျှောက်လည်နေခဲ့သည်။ ထိုစဉ် ဒေသအစိုးရဌာနများသည် အရေးပေါ်အခြေအနေသတ်မှတ်ကာ ၎င်းဆင်သွားရာ လမ်းတစ်လျှောက်လုံး စောင့်ကြပ်ခြင်း၊ ကာကွယ်ခြင်း၊ အချိန်မီ အသိပေးခြင်း၊ လမ်းရှင်းပေးခြင်း၊ လူများ အန္တရာယ်ကင်းရာပြောင်းရွှေ့စေခြင်း စသည်များ ဆောင်ရွက်ကာ ၎င်းတောရိုင်းအာရှဆင်သည် မြို့ပြတွင် ၀င်ရောက်လျှောက်သွားနေခြင်းကြောင့် လူသေကြေဒဏ်ရာ မရစေရန် စီမံခဲ့သည်။
စီမောင်မြို့နယ်တွင် ကျက်စားလျက်ရှိသော အာရှဆင်မှာ(၉၆) ကောင်ရှိသည်ဟုဖူအလ်မြို့ စီမောင်မြို့နယ် သစ်တောရေးရာဌာနမှ သိရသည်။ ယခင်က သူတို့ကျက်စားသည့်နေရာမှာ မြို့ပြနှင့် တော်တော်ကွာဝေးသော ကျေးရွာဒေသဖြစ်သည်။ သို့သော်လည်း ယခုရက်ပိုင်း (၁၄)ကောင်ပါရှိသော ဆင်အုပ်စု ကျက်စားသည့်နေရာမှာ မြို့ပြနှင့် (၁၀) ကီလိုမီတာ ကျော်ကျော်သာ ကွာဝေးသည်။ ယခုအကြိမ် ဖူအလ်မြို့သို့ ရောက်ရှိလာသည့် တောရိုင်းအာရှဆင်မှာ တစ်ကောင်တည်းသာဖြစ်ပြီး အာရှဆင် ကွင်းဆင်းစစ်ဆေးသူ၏ နှစ်ပေါင်းများစွာကတည်းက စောင့်ကြည့်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။