“အရမ်းလှတယ်၊ မြန်မြန်ကြည့်လိုက်”ဟု လမ်းသွားလမ်းလာများက ကောင်းကင်ပေါ် မော့ကြည့်ရင်း အံ့သြစွာပြောကြားသည်။ ဧပြီလ(၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ကူမင်းမြို့၏ မိုးကောင်းကင်ပေါ်၌ နေကြတ်ကာ နေထီးဆောင်းသည့်မြင်ကွင်းသည် လူများ၏အာရုံကို ဆွဲဆောင်လျက်ရှိနေသည်။
ယူနန်သက္ကသိုလ်၏ ကျောင်းအဆောက်အဦးနှင့် ခေါင်းလောင်းစင်အပေါ်တွင် နေကြတ် သည့် ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နေသည့်နေထီးဆောင်းသည့်မြင်ကွင်းသည် ကျောင်းဝင်း အတွင်းမှအလှများနှင့် ရောယှက်နေပြီး အလှချင်းပြိုင်နေတော့သည်။ နေကြတ်ခြင်းဖြင့် ဖြစ်ပေါ်နေသည့် အလင်းရောင်ဝိုင်းကြီးသည် ထိုခေါင်းလောင်းစင်အဆောက်အဦး၏ အပေါ် တည့်တည့်တွင် ရှိနေသည့်မြင်ကွင်းမှာ အလွန်ထွန်းလင်းသည့်မီးတစ်ခု ဖွင့်ထားသကဲ့သို့ လှပနေသည်။ "ကျွန်တော်တို့ကျောင်းက ပိုမိုခန့်ညားထည်ဝါလာတယ်”ဟု ကျောင်းသား များက ဆိုသည်။ တစ်ချိန်တည်းတွင်၊ Wechat အတွင်း နေထီးဆောင်းနေသည့်အလှ ဓာတ်ပုံလည်း ချက်ခြင်းပင် ရေပန်းစားလာသည်။
သဘာဝအားဖြင့် နေကြတ်ခြင်းအား သက်တံ့ဝိုင်းဟုလည်းခေါ်ပြီး လေထုအလင်းဗေဒ အတွင်းမှ အခြင်းအရာတစ်မျိုးဖြစ်သည်။ နေရောင်ခြည်များသည် တိမ်လွှာအထက်မှ ဖြတ်သန်းသည့်အခါ နှင်းခဲပွင့်၏အလင်းယိုင်ခြင်းဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။