တရုတ်ပြည်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ နည်းပညာလွှဲပြောင်းရေးနှင့် အသိဉာဏ်ပညာ ဆိုင်ရာမူပိုင်ခွင့်အပေါ် အမေရိကန်၏ အပြစ်တင်ခြင်းနှင့် ပတ်သက်ပြီး တရုတ် စီးပွားရေးနှင့် ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင်များက အမေရိကန်၏ ပြစ်တင်ပြောဆိုခြင်းသည် အထောက် အထား လုံးဝမရှိကြောင်း၊ တရုတ်နှင့် အမေရိကန် လုပ်ငန်းကုမ္ပဏီများအကြား နည်းပညာ လွှဲပြောင်းခြင်းသည် မိမိဆန္ဒအလျောက် ကူးသန်းရောင်းဝယ်ခြင်းဖြစ်ပြီး အမေရိကန် လုပ်ငန်းကုမ္ပဏီများသည် တရုတ်လုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့ကြောင်း ပြောကြားပါသည်။
ကျွမ်းကျင်ပညာရှင်များမှ အမေရိကန်က တရုတ်ပြည် ကုန်ပစ္စည်းအပေါ် အထင်သေး သည့် သဘောပါသော အခွန်တိုးကောက်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၏ သက်ဆိုင်ရာ ကတိပြုချက်များကို ချိုးဖောက်ရာကျပြီး WTO ၏ အခြေခံမူကို ဆန့်ကျင်ခြင်း ဖြစ်ကြောင်း ပြောကြားကြသည်။
တရုတ်နိုင်ငံတော် အသိဉာဏ်ပညာဆိုင်ရာမူပိုင်ခွင့်ရေးရာ ဦးစီးဌာနမှ စာရင်းအရ ၂၀၁၇ ခုနှစ်တွင် အမေရိကန်သည် တရုတ် မူပိုင်ခွင့်ပေါင်း ၂၃၆၇၉ ခု လွှဲပြောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင်လည်း တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော မူပိုင်ခွင့် လျှောက်လွှာတင်ချက် ၁ သန်း ကျော်ရှိသော နိုင်ငံ ဖြစ်လာခဲ့ကြောင်း သတင်းရရှိပါသည်။