Boao အာရှတိုက်ဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ဧပြီလ(၁၁) ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ ဟိုင်နန်၌ ကျင်းပသည်။
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ပြီး “တခါးဖွင့်ခြင်းဖြင့် အတူ တကွ စည်ပင်ဖွံ့ဖြိုးတိုးတက်၊ တီထွင်ဖန်တီးခြင်းဖြင့် အနာဂတ်ကို ဦးဆောင်”ဟူသည့် အဓိက အကြောင်းအရာအား မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါ နှစ်ပတ်လည်အစည်းအဝေးတွင် “တံခါးဖွင့်သော၊ တီထွင်ဆန်းသစ်မှုရှိသော အာရှတိုက်၊ စည်ပင်သာယာသော၊ ဖွံ့ဖြိုးတိုးတက်နေသောကမ္ဘာ”ဟူသည့် အဓိက အကြောင်းအရာအား ဆွေးနွေးကြောင်း၊ အစည်းအဝေး(၄)ရက်အတွင်း ဆွေးနွေးပွဲများနှင့်ဖိုရမ်အသီးသီး ကျင်းပခဲ့ကြောင်း၊ နိုင်ငံနှင့်ဒေသ(၆၃)ခုမှကိုယ်စားလှယ်(၂၀၀၀)ကျော်က ဂလိုဘယ်လိုက်ဇေးရှင်း၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု”အဆိုပြုချက်၊ အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဖန်တီးမှုနှင့်ပြုပြင်ပြောင်းလဲမှု စသည်တို့အား ဆက်လက်ပြီး ရှေ့ဆက်တိုးကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်တို့အား နက်ရှိုင်းစွာ ဆွေးနွေးကြသည်ကို သတင်းအရ သိရှိရပါသည်။
"အာရှတိုက်နဲ့ကမ္ဘာ့နိုင်ငံအသီးသီးရဲ့အစိုးရတာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ပညာရှင်တို့က ဒီမှာ ရောက်ရှိစုဝေးကြတယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ဆိုင်တဲ့အတွေးသစ်၊ အမြင်သစ်၊ နည်းလမ်းသစ်၊ ပုံစံသစ်တွေကို အတူတကွ ဆွေးနွေးပါတယ်၊ တံခါးဖွင့်ခြင်း၊ သဘောထားကြီးခြင်း၊ အတူတကွအကျိုးရရှိခြင်း၊ တန်းတူညီမျှခြင်း အစစအရာရာတိုးချဲ့နေတဲ့ဂလိုဘယ်လိုက်ဇေးရှင်းအတွက် အာရှတိုက်အကြံပြုချက်ကို တင်ပြပါတယ်”ဟု အဆိုပါဖိုရမ်၏ အထွေထွေအတွင်းရေးမှူး ကျိုးဝင်ချွန်က ပိတ်ပွဲအခမ်းအနား၏သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။